ဓာတ်ပုံ (အေက်ဖ်ပီ)
ဒီအတွက် ဇန်န၀ါရီ ၂၃ ရက်နေ့ကနေ စတင် ဘုရင် ဖြစ်လာတဲ့ ဆာလ်မန် လက်ထက်မှာ ၅ ဦးမြောက် ခေါင်းဖြတ် စီရင်ခံရသူ ဖြစ်လာတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။
လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ တရားမျှတမှုကို တန်ဖိုးထားဖို့ အစိုးရရဲ့ ခံယူချက်ဟာ ဒီသေဒဏ် ပြစ်ဒဏ်မှာ ထင်ဟပ်နေတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောတယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွင်း နိုင်ငံခြားသားနဲ့ ဒေသခံ ၁၇ ဦး ခေါင်းဖြတ် စီရင်ချက်ချမှတ်ခံရတယ်လို့ အေအက်ဖ်ပီက မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
အရင်ဘုရင် အဗ္ဗဒူလာ လက်ထက်မှာတော့ ၂၀၁၀ နောက်ပိုင်း နှစ်စဉ် လူ ၈၀ နီးပါး ခေါင်းဖြတ် စီရင်ခံရသလို မနှစ်က ၈၇ ဦး ခေါင်းဖြတ်အသတ်ခံရပါတယ်။
Credit >>> DVB

No comments
Post a Comment