Tuesday, December 23, 2014

ဘယ်သူမှမလုပ်ဖူးသေးတဲ့ လင်းလင်းရဲ့ ဂီတပွဲ ဘာတွေပြင်ဆင်နေလဲ

သောကဘုံဆိုတဲ့ သီချင်းနဲ့ လူသိများခဲ့ပြီး စဉ်းစားပါ သီချင်းအယ်လ်ဘမ်နဲ့ ဂီတလောကမှာ နေရာတစ်ခု ရလာတဲ့ အဆိုတော်လင်းလင်းဟာ ခရစ်စမတ်နေ့ကျရင် ထူြး... thumbnail 1 summary


သောကဘုံဆိုတဲ့ သီချင်းနဲ့ လူသိများခဲ့ပြီး စဉ်းစားပါ သီချင်းအယ်လ်ဘမ်နဲ့ ဂီတလောကမှာ နေရာတစ်ခု ရလာတဲ့ အဆိုတော်လင်းလင်းဟာ ခရစ်စမတ်နေ့ကျရင် ထူးခြားတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေပါပြီ။ လင်းလင်းတစ်ယောက် သူချစ်တဲ့ပရိသတ်အတွက် ဘာတွေပြင်ဆင်နေလဲ။
သီချင်းခွေထဲကလို မဟုတ်ဘဲ ထူးခြားတဲ့ အရသာတစ်ခုပေးဖို့ Orchestra Theme နဲ့ တွဲဖက်သီဆိုမယ့် အဆိုတော် လင်းလင်းက ဒီဇင်ဘာ ၂၅ရက်နေ့ ရွှေထွဋ်တင်ကွင်းမှာကျင်းပမယ့် ဖျော်ဖြေပွဲမှာ မြန်မာ့တူရိယာဖြစ်တဲ့ စောင်း၊ ပတ္တလား၊ ပုလွေတွေပါဝင်မှာဖြစ်ပြီး လက်မှတ် အစောင် ၂ဝဝဝကိုပဲ ကန့်သတ်ရောင်းချတာဟာ အနုပညာအရ အမြတ်ထုတ်ချင်လို့ဖြစ်တယ်လို့ ကမာရွတ်မီဒီယာကို သီးသန့် ပြောဆိုခဲ့ပါတယ်။
ကိုယ်ပိုင်သံစဉ် သီချင်း ၂၅ပုဒ်နဲ့ တစ်ကိုယ်တော် ခမ်းခမ်းနားနား ဖျော်ဖြေမယ့် လင်းလင်းရဲ့ ဖျော်ဖြေပွဲလက်မှတ်က ကျပ် ၇ဝဝဝ သတ်မှတ်ထားပြီး ဒီပွဲဟာ ဘယ်သူမှမလုပ်သေးတဲ့ ဂီတဖျော်ဖြေပွဲပါလို့ ဆိုပါတယ်။
ရွှေထွဋ်တင်ကွင်းထဲ လက်မှတ်မရလို့ မကြည့်နိုင်တဲ့သူတွေအတွက် Live Show Mood ရအောင် ဘယ်လိုကြိုးစားပြင်ဆင်ထားလဲ။ ဖျော်ဖြေမယ့်ပွဲမှာ ဧည့်သည်အဆိုတော် ၃ယောက်ထဲ သူ့ရဲ့ချစ်ဇနီး အဆိုတော် ချစ်သုဝေပါဝင်မှာဖြစ်ပေမယ့် ကျန်တဲ့နှစ်ယောက်ကိုတော့ Surpriseလုပ်မယ်လို့ ဆိုပါတယ်။
အဆိုတော်လင်းလင်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ Dream Lover အဖွဲ့၊Solo တယောအဖြစ် ချမ်းဟိန်းကြွယ်၊ နေသစ်မိုးရဲ့ Percussion SettingOrchestra အပြင် မြို့မငြိမ်း အိပ်မက်မက်ခဲ့သလို မြန်မာ့တူရိယာ၊ မြန်မာဆိုတဲ့ သန္ဓအနှစ်သာရက အလယ်မှာရှိပြီး ကျန်တဲ့တူရိယာတွေက ပံ့ပိုးပေးမယ့် အနေအထားရောက်ဖို့ လက်တွေ့မှာ မလွယ်ပေမယ့် တတ်နိုင်သလောက် လုပ်သွားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါလို့ ဂီတမှူးအဖြစ် တာဝန်ယူမယ့် ဓိရာမိုရ်က ပြောပါတယ်။
စိန်ခေါ်မှုတွေအများကြီးရှိတဲ့ ဒီဖျော်ဖြေပွဲအတွက် လင်းလင်းရဲ့ပရိသတ်တွေသိထားပြီးသားသီချင်းတွေကို Versionပြောင်းလိုက်တာမို့ အသစ်အဆန်းဖြစ်သွားမှာဖြစ်ပြီး အကောင်းဆုံးဂီတပုံစံ ထွက်လာမယ်လို့ ဆိုပါတယ်။ ဒီဖျော်ဖြေပွဲကို အဆင့်အတန်းရှိရှိ သေသေချာချာ စနစ်တကျပြင်ဆင်ထားသလို သီချင်းတွေကို ပိုပြီးခန့်ညားအောင်၊ ဂီတနဲ့ပတ်သက်လို့ ခံစားချက်ကိုလည်း ပိုပြီးချဲ့ထွင်ပေးနိုင်အောင် နူးညံ့တဲ့အနုပညာအရသာကို ပေးမယ်လို့ ဆိုပါတယ်။

Credit >>> Kamayut Media

No comments

Post a Comment