Tuesday, February 21, 2017

အကြည့်ချင်းဆုံရာမှ စကားများပြီး လူ ၁၅ ဦးခန့်က အုပ်စုဖွဲ့ရိုက်နှက်တာကြောင့် လူငယ်တစ်ဦးသေဆုံး

နန်းသီတာဆိပ်ကမ်းမှာ မျက်လုံးချင်းဆုံကြည့်မိရာမှ စကားများရန်ဖြစ်ကာ လူ ၁၅ ဦးရှိတဲ့ အဖွဲ့က ၀ိုင်းဝန်း ရိုက်နှက် တာကြောင့် အသက် (၂၄)နှစ်အရွ... thumbnail 1 summary

နန်းသီတာဆိပ်ကမ်းမှာ မျက်လုံးချင်းဆုံကြည့်မိရာမှ စကားများရန်ဖြစ်ကာ လူ ၁၅ ဦးရှိတဲ့ အဖွဲ့က ၀ိုင်းဝန်း ရိုက်နှက် တာကြောင့် အသက် (၂၄)နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းမှာ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီခန့်က လူငယ်အဖွဲ့တစ်ဖွဲ့ကို အခြားအဖွဲ့မှ လူငယ် တစ်ဦးက ကြည့်မိရာမှ စကားများရန်ဖြစ်ကာ စတင်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောထားပါတယ်။
‘‘ကျွန်မတို့က သူငယ်ချင်းတွေနဲ့ အဲဒီမှာ မုန့်သွားစားကြတာ။ ယောက်ျားလေးခြောက်ယောက် မိန်းကလေးနှစ်ေ ယာက်ေ ပါ့။ အဲဒီမှာ သူတို့အဖွဲ့ အော်ဟစ်ပြီးတက်လာတော့ ဘာရယ်မဟုတ်ဘူးကြည့်မိလိုက်တာ။ အဲဒါကို ဘာကြည့်တာလဲ ဘာ ညာနဲ့ပြောတော့ ၀ိုင်းညှိလိုက်တာ အဆင်ပြေသွားတယ်။ ပြီးတော့မှ ပြန်လာပြီး ၀ိုင်းရိုက်တာ။ ကျွန်မခင်ပွန်း လည်း ခေါင်း ကွဲသွားလို့ ဆေးရုံတင်လိုက်ရတယ်’’လို့ အခင်းဖြစ်ချိန်မှာ ရိုက်နှက်ခံရသူတွေဘက်မှာ ပါဝင်တဲ့ အမျိုးသမီးက ပြော ထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်တာကြောင့် သေဆုံးခဲ့သူမှာ ဗိုလ်တထောင် မြို့နယ်နေ အသက် (၂၄) နှစ်အရွယ် ကိုဇင်သူ ထက်ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်း အသက် (၂၄) နှစ်အရွယ် လူငယ်တစ်ဦးလည်း ဦးခေါင်းမှာ ဒဏ်ရာရရှိတာကြောင့် ရန် ကုန်ဆေးရုံကြီးကို တင်ပို့ကုသခဲ့ရတယ်လို့ သိရပါတယ်။ဝိုင်းဝန်းရိုက်နှက်သူအများစုဟာ သေဆုံးသူ ကိုဇင်သူထက် တစ်ဦးတည်းကိုသာ ဦးတည်ရိုက်နှက်ခဲ့ကြပြီး ဦးခေါင်းခွံ ပွင့်ထွက်ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း သေဆုံးသူရဲ့မိခင်က ဆိုပါတယ်။
လုပ်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူစေချင်ပြီး ရဲစခန်းကတော့ ခုနစ်ယောက်မိပြီပြောကာ ကျန်တဲ့ရှစ်ယောက် ကို မမိသေးဘဲ ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားလဲဆိုတာတော့ ကျွန်မ သေသေချာချာမသိဘူးလို့ သေဆုံးသူ ကိုဇင်သူ ထက်ရဲ့ မိခင်က ပြောပါတယ်။
Credit >> 7Day

No comments

Post a Comment