Saturday, December 27, 2014

အကယ်ဒမီဆုပေးပွဲအခမ်းအနား

၆၁ နှစ်မြောက် ၂၀၁၃ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ ရှင်စောပု လမ်းရှိ Myanmar Even... thumbnail 1 summary

၆၁ နှစ်မြောက် ၂၀၁၃ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ ရှင်စောပု လမ်းရှိ Myanmar Event Park ၌ ကျင်းပခဲ့သည်။
အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီလူမင်းတို့က အဖွင့်အမှာ စကားများ ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆု အကယ်ဒမီဆုပေးပွဲတွင် အခမ်းအနားမှူး များအဖြစ် အကယ်ဒမီများရှင် ရန်အောင်နှင့် တင်မိုးလွင်တို့က ဆောင်ရွက်ပေးခဲ့ကြသည်။
အကယ်ဒမီပေးပွဲနှင့်ပတ်သက်သည့်အချက် အလက်များကို တင်ပြပြီးနောက် အကယ်ဒမီ အတွက် ဂုဏ်ပြုပါဖောမန့်တင်ဆက်မှုကို စတင်ခဲ့ပြီး ယခုနှစ်တွင်မှ စတင်ခဲ့သည့် ရွှေ ကြိုအမျိုးသားနှင့် အမျိုးသမီးမျိုးဆက်သစ် အနုပညာရှင်များနှင့် မိတ်ဆက်ခြင်းကို ပြု လုပ်ခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုအတွက် ဆုများကို ကြေညာပေးခဲ့သည်။
၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆုများမှာ
အကောင်းဆုံး တေးဂီတဆု - စန္ဒရားတင်ဝင်းလှိုင် (ကြယ်စင်မော်ကွန်း)
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ခိုင်သင်းကြည် (စုန်းပြူး)
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု - မင်းဦး (နင်စေရင်)
အကောင်းဆုံး ဒါရိုက်တာဆု - ဝိုင်း (စေတန်ရဲ့ကချေသည်)
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (နင်စေရင်)
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု - ဝတ်မှုန်ရွှေရည် (နင်စေရင်)

ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ထူးချွန်ဆု ၃ဆုရခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး တည်းဖြတ်ဆုဆိုတဲ့ ရုပ်ရှင်အတတ်ပညာဆိုင်ရာ ဆုတွေကိုတော့ ပေးအပ်မှုမရှိခဲ့ပါဘူး။


EveryTime Myanmar 

No comments

Post a Comment