အမေရိကန်နိုင်ငံ တောင်ပိုင်း မစ္စစပီ ပြည်နယ်တွင် ယမန်နေ့က လေဆင်နှာမောင်း တိုက်ခိုက်ခဲ့ရာ လူလေးဦး သေဆုံးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိကာ အိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဖီဘရာရန့်က ဂျုံးစ်နှင့် မာရီယွန်စီရင်စုများတွင် အရေးပေါ်အခြေအနေ တစ်ရပ် ထုတ်ပြန်ကြေညာ ထားသည်။
'အိမ်ခေါင်မိုးသွပ်တွေ လမ်းမပေါ်မှာ ပြန့်ကျဲနေတယ်။ လူတွေအိမ်ထဲမှာ ချောင်ပိတ်မိနေတယ်'ဟု မာရီယွန် စီရင်စု အုပ်ချုပ်ရေးမှူးကပြောသည်။ အဆိုပါ စီရင်စုများတွင် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် အရှေ့ကမ်းရိုးတန်း လေဆိပ်များတွင် လေကြောင်းလိုင်းများ ကြန့်ကြာခဲ့ရသည်။
နိုင်ငံ၏အနောက်မြောက်ပိုင်းနှင့် ချီကာဂိုမြို့တွင် ခရစ္စမတ် ပွဲတော်အတွင်း နှင်းမိုးများ ရွာသွန်းနိုင်ကြောင်း သိရ သည်။
Credit >>> he Mirror Daily


No comments
Post a Comment