မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများ၊ အဓိကအားဖြင့် မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးစောင့်
ရှောက်မှုလုပ်ငန်း များ မြှင့်တင်လုပ်ဆောင်နိုင်ရန် ဒိန်းမတ်နိုင်ငံမှ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး
ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (The Three Millennium Development Goal Fund ) ကို
အမေရိကန်ဒေါ်လာ ၅.၁ သန်းခန့် ထပ်မံတိုးမြှင့် ထောက်ပံ့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၁၆)
ရက်နေ့က 3 MDG သတင်းထုတ်ပြန်ခဲ့သည်။
"ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဆက်လက်ထောက်ပံ့
သွားမယ့် ဒိန်းမတ် နိုင်ငံရဲ့ ကတိက၀တ်ပြုမှုဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ မွေးကင်း
စကလေးငယ်တွေနဲ့ ကလေးတွေရဲ့ ကျန်းမာရေး အခြအနေကို မြှင့်တင်ဖို့ တိုးမြှင့်ထောက်ပံ့ခြင်း
ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E Peter Lysholt Hansen
က ပြောကြားသည်။
အဆိုပါထောက်ပံ့ငွေကို မိခင်၊မွေးကင်းစကလေးနှင့် ကလေးငယ်များအတွက် အရည်အသွေးပြည့်
ဝသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
3MDG ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး
ရန်ပုံငွေ 3MDG ကို ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကလေးငယ်
သေဆုံးမှုနှုန်းကို လျော့ချရန်၊ မိခင်များ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်ရန် ၊ အိပ်ခ်ျအိုင်ဗွီ၊
တီဘီနှင့် ငှက်ဖျားရောဂါများကို တိုက်ဖျက်ရန် ငါးနှစ်တာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
ယင်းစီမံကိန်းအတွက် ဩစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေ
ရိကန်နိုင်ငံတို့မှ ရန်ပုံငွေအဖြစ် ကန်ဒေါ်လာ ၃၃၄ သန်း ကူညီပံ့ပိုးပေးခဲ့ပြီး ဒိန်းမတ်နိုင်ငံမှ အမေရိ
ကန်ဒေါ်လာ ၅.၁ သန်းကို ထပ်မံ တိုးမြှင့်ထောက်ပံ့ခြင်းဖြစ်သည်။
Credit >>> Myanmar Time


No comments
Post a Comment