Friday, February 20, 2015

ဒီချုပ်ပါတီဝင်အချင်းချင်း အကွဲအပြဲမဖြစ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်း အကွဲအပြဲများမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအား ပြောကြားလိုက်သည်။ ‘‘အမျိုးသားဒီမိုကရေစ... thumbnail 1 summary

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်း အကွဲအပြဲများမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအား ပြောကြားလိုက်သည်။
‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အားနေလို့ရှိရင် ဟိုလူက ကွဲလိုက်၊ ဒီလူက ကွဲလိုက်တော်တော်ရှုပ်တယ်။ အဲဒါတော့ မလုပ်ပါနဲ့’’ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ပါတီဝင်များအား ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့လာရောက်လေ့လာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအား လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ကျေးရွာများနှင့်ထိတွေ့ဆက်ဆံမှုများရှိရန်နှင့် လူငယ်များအား ဦးစားပေးမှုများပြုလုပ်ရန် ပါတီဝင်များကို တိုက်တွန်းပြောကြားခဲ့သည်။

ပါတီဝင်များအားလုံးစည်း လုံးညီညွတ်မှုရှိစေရန်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလေ့ရှိပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တရားမျှမျှတတအနိုင်ရရှိရေးကြိုးပမ်းသွားရန်  ပြောကြားလေ့ရှိသည်။
Credit >>> 7Day

No comments

Post a Comment