Tuesday, December 23, 2014

အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိတာကြောင့် ပဋိပက္ခဖြစ်ပွားရတာလို့ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာအတိုင်း ၀မ်ပေါင်ကုမ္ပဏီနဲ့ အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော်မတီက လိုက်နာဆေ... thumbnail 1 summary

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာအတိုင်း ၀မ်ပေါင်ကုမ္ပဏီနဲ့ အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာလို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

လယ်ယာမြေလျော်ကြေးကိစ္စတွေအတွက် ကျေးရွာသားတွေနဲ့ ပြေလည်အောင် ညှိနှိုင်းဖို့ ကော်မရှင်အစီရင်ခံစာမှာ ထည့်သွင်းတိုက်တွန်းထားပေမဲ့ လိုက်နာခြင်းမရှိဘူးလို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒါ့အပြင် ဇန်န၀ါရီလမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ လက်ပံတောင်းတောင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းသွားမယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေးကော်မတီမှာ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဒုတိယဥက္ကဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ စစ်ရေးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ၀မ်ပေါင်ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာနဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယ၀န်ကြီးတွေ စုစုပေါင်း ၁၅ဦး ပါဝင်ပါတယ်။

Credit >>> RFA Burmese

No comments

Post a Comment