Friday, January 30, 2015

မြန်မာနိုင်ငံတွင် မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပလိုကြောင်း ကမ်းလှမ်း

Miss Universe 2015  ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပပေးရန် မယ် စကြ၀ဠာအဖွဲ့အစည်းဘက်မှ ကမ်း လှမ်းခဲ့ကြောင်း Miss Un... thumbnail 1 summary

Miss Universe 2015  ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပပေးရန် မယ် စကြ၀ဠာအဖွဲ့အစည်းဘက်မှ ကမ်း လှမ်းခဲ့ကြောင်း Miss Universe Myanmarအဖွဲ့အစည်း၏ NationalDirectorဒေါ်စိုးယုဝေကပြောသည်။
မြန်မာနိုင်ငံဘက်မှ မယ်စကြ ၀ဠာပြိုင်ပွဲကို ၂၀၁၅ခုနှစ်အတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်၊ မကျင်းပနိုင်ကို စဉ်းစားပြင်ဆင် နိုင်ရန် အချိန်တစ်လပေးလိုက်ပြီး တစ်လကြာတွင် အကြောင်းပြန် ရမည်ဖြစ်သည်။
‘‘သူတို့ဘက်ကနေ စပြီးကမ်း လှမ်းတာ။ ဒီနိုင်ငံမှာလုပ်ရင် တ ကယ်ကို လှပတဲ့ပွဲတစ်ခုဖြစ်မယ် လို့ ယူဆတယ်ဆိုပြီး အစ်မတို့ ဘက်က လုပ်နိုင်မလားဆိုပြီးမေး တယ်။ သူတို့က မြန်မာနိုင်ငံကို စိတ်ဝင်စားနေတဲ့အချိန်လည်း ဖြစ်တယ်။ အစ်မတို့ ၂နှစ်လုပ်ခဲ့ တဲ့ ပွဲတွေကိုလည်း ကြိုက်တော့ ဦး စားပေးပြီး ကမ်းလှမ်းတာ။ အစ်မ တို့ မလုပ်နိုင်ဘူးဆိုမှ တခြားနိုင်ငံ ကို ဆက်ကမ်းလှမ်းမယ်ထင် တယ်’’ဟု ဒေါ်စိုးယုဝေကပြောသည်။
(၆၄)ကြိမ်မြောက်မယ်စကြ ၀ဠာပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပရန် မယ်စကြ၀ဠာအဖွဲ့အ စည်းဥက္ကဋ္ဌ မစ္စပေါ်လာအမ်ရှူ ဂတ်ဒ်နှင့် ဒုတိယဥက္ကဋ္ဌမစ္စတာ လာရီပါရာတို့က ကမ်းလှမ်းခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘အစ်မတို့ဘက်ကဖြစ်နိုင် ရင် လုပ်ချင်တယ်။ ဒါပေမဲ့ ဒါက အစ်မတို့ တစ်ယောက်တည်းရဲ့ အင်အားနဲ့ မရဘူးလေ။ ကုန်ကျ စရိတ်လည်းရှိတော့ တကယ်ပံ့ပိုး မယ့်လူတွေရှိနိုင်၊မရှိနိုင်ဆွေးနွေး မှုတွေအများကြီးလုပ်ရဦးမှာဆို တော့ ဆွေးနွေးပြီးမှအကြောင်း ပြန်ရမယ်’’ဟု ဒေါ်စိုးယုဝေက ပြောသည်။
အဆိုပါကမ်းလှမ်းမှုသည် မြန်မာနိုင်ငံ၏ သဘာဝအလှတ ရားများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အ လမ်းများ၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းများကို ကမ္ဘာ့နိုင် ငံများသို့ ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။
‘‘ဒီပြိုင်ပွဲကျင်းပခွင့်ရဖို့က တခြားနိုင်ငံတွေကလည်း စိတ်ဝင် စားတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့နိုင်ငံကို အဲဒီအချိန် မှာ လူတွေစိတ်ဝင်စားတယ်။ ဧည့်သည်တွေလာတယ်။ ခရီး သွားလုပ်ငန်းတွေတိုးတက်တယ်။ အဲဒါကြောင့် တခြားနိုင်ငံတွေက လည်း လုပ်ချင်တယ်’’ဟု ၎င်းက ပြောသည်။
၂၀၁၄ခုနှစ်အတွက် မယ်စ ကြ၀ဠာပြိုင်ပွဲကို ၂၀၁၅ဇန်န၀ါရီ ၂၅ရက်က အမေရိကန်နိုင်ငံမီယာ မီကမ်းခြေတွင် ကျင်းပပြီးစီးခဲ့ သည်။
မယ်စကြ၀ဠာမြန်မာပြိုင်ပွဲ ၂၀၁၅ အတွက် နောက်ဆုံးပြိုင်ပွဲ ကြီးကို အောက်တိုဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ် အလိုက်အလှမယ်ရွေးချယ်ပွဲများ ကို မတ်၊ ဧပြီလများတွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ဒေါ်စိုးယု ဝေကပြောသည်။

Credit >>> 7Day

No comments

Post a Comment