Thursday, January 22, 2015

ဒိုင်များကို ဟာသဖြင့် သဘောကျစေခဲ့ကြောင်း မယ်စကြဝဠာ ပြိုင်ပွဲဝင် သျှားထွဋ်အိန္ဒြာဝေမျှ

ပရိသတ်များပေးသည့် မေတ္တာကြောင့် လူတွေ့စစ်ဆေးခြင်းကို အကောင်းဆုံးဖြေဆိုနိုင်ခဲ့ပြီး ဒိုင်များအတွက် ဟာသတစ်ခုကိုပါပြောပြနိုင်ခဲ့ကြောင်း အမေရိက... thumbnail 1 summary

ပရိသတ်များပေးသည့် မေတ္တာကြောင့် လူတွေ့စစ်ဆေးခြင်းကို အကောင်းဆုံးဖြေဆိုနိုင်ခဲ့ပြီး ဒိုင်များအတွက် ဟာသတစ်ခုကိုပါပြောပြနိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံတွင် မယ်စကြဝဠာပြိုင်ပွဲသို့    သွားရောက်ယှဉ်ပြိုင်နေသည့် သျှားထွဋ်အိန္ဒြာက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
မယ်စကြဝဠာပြိုင်ပွဲ  စခန်းဝင်သည့်အချိန်အမှတ်တရအဖြစ်ဆုံးအဖြစ်အပျက်အကြောင်း ဒိုင်များက မေးမြန်းခဲ့ရာ သျှားထွဋ်အိန္ဒြာက ကြီးကြီးမားမားအမှတ်တရမရှိသော်လည်း Trump National Hotel ၌  နေထိုင်သည့် အချိန်က ည ၁၀ နာရီခန့်တွင် မီးအရေးပေါ်အချက်ပေးကို မည်သူမှားနှိပ်မှန်းမသိသောကြောင့် ရေချိုးနေသူ၊ အိပ်နေသူများ အလန့်တကြားပြေးသွားခဲ့ကြပြီး   ၎င်းကိုယ်တိုင်လည်း ဆပ်ပြာတန်းလန်းဖြင့်    တွေ့သည့်အဝတ်ကို ကောက်ဝတ်ကာ ပြေးခဲ့ရသည်မှာ အမှတ်တရဖြစ်ခဲ့ကြောင်း ဖြေ၏။ လူတွေ့စစ်ဆေးခြင်းကို ဇန်နဝါရီ ၂၀ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သျှားထွဋ်အိန္ဒြာ၏ ဘာသာပြန်အဖြစ် ဦးရော်နီငြိမ်းက ဆောင်ရွက်ပေးခဲ့သည်။
‘‘ဒိုင်လူကြီးနှစ်ဖွဲ့ panel နှစ်ခုနဲ့ လေးမိနစ်စီအတွင်း မေးသမျှ တွေကို သျှားထွဋ်အိန္ဒြာက ရွှင်ရွှင်လန်းလန်း၊ ပေါ့ပေါ့ပါးပါးနဲ့ ဒိုင်တွေပါ ရယ်မောပျော်ရွှင်သွားအောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒီလို upbeat ဖြစ်နေတဲ့ကလေးမျိုးအတွက် interpreter လုပ်ရကျိုးနပ်ပါပေတယ်’’ဟု ဦးရော်နီငြိမ်း၏  ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
မယ်စကြဝဠာပြိုင်ပွဲဝင်များ၏ National Costume ပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်တွင် အမေရိကန်ပြည်ထောင်စု Florida ပြည် နယ် Miami-Dade ခရိုင် Doral မြို့ Florida International University ၌   ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သျှားထွဋ်အိန္ဒြာက ပန်ထွာဘုရင်မ၏ စစ်ထွက်ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Credit >>> VOA

1 comment

  1. အော်ဟုတ်ကဲ့ ၊ ဒါနဲ့ အနောက်က BG က ဘာလို့ဝါးနေတာလဲ

    ReplyDelete