Wednesday, January 14, 2015

CCTV ကင်မရာကတဆင့် သရဲ ရှိနေတာကိုတွေ့ခဲ့ရတဲ့ Idaho အထက်တန်းကျောင်း

အမေရိကန် ပြည်ထောင်စုရှိ ကျောင်းတစ်ကျောင်း၏ ရှင်းလင်းနေသော လူသွားလမ်းတွင် ခြေရာများပေါ်လာပြီး သရဲလမ်းလျှောက်နေသကဲ့သို့ ဖြစ်နေသည်ကို CCTV ကင်... thumbnail 1 summary

အမေရိကန် ပြည်ထောင်စုရှိ ကျောင်းတစ်ကျောင်း၏ ရှင်းလင်းနေသော လူသွားလမ်းတွင် ခြေရာများပေါ်လာပြီး သရဲလမ်းလျှောက်နေသကဲ့သို့ ဖြစ်နေသည်ကို CCTV ကင်မရာကတစ်ဆင့် တွေ့ခဲ့ရပါတယ်။
Idaho ပြည်နယ်မှာရှိတဲ့ Pocatello အထက်တန်းကျောင်းမှာ ရှိတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေကလည်း တစ်ခါတစ်ရံ ကျောင်းထဲမှာ ထူးဆန်းတဲ့ ဆူညံသံတွေ ၊ တီးတိုးပြောသံတွေနဲ့ အရိပ်တွေကိုပါ မျက်နှာကျက်ပေါ်မှာ တွေ့ရလေ့ရှိတယ်လို့ဆိုကြပါတယ်။
ထို ကောလာဟလ တွေအတွက်တော့ CCTV ကင်မရာ ဟာ သက်သေပြစရာ တစ်ခုဖြစ်လာခဲ့ပါတယ်။ ကျောင်းမှာ ရှိတဲ့ ၀န်ထမ်းတွေဟာ သူတို့ရဲ့ ခရစ်စမတ် အားလပ်ရက်ကနေ ကျောင်းကို ပြန်အရောက်မှာ CCTV ကင်မရာထဲမှာ ခြေရာတွေပေါ်နေတာတွေ့ခဲ့ရတာပါ။ ခြေရာတွေဟာ လမ်းလျှောက်သွားသလို တစ်ဖြည်းဖြည်းချင်းပေါ်လာခဲ့တာဖြစ်ပါတယ်။
ထိုကျောင်းဟာ ၁၉၁၄ ခုနှစ်က မီးလောင်ပျက်စီးခဲ့ဖူးကာ လူ ၆ ယောက် သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်ကမှ ပြန်လည်ပြုပြင်ပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ 

Credit >>>>TrandMyanmar

No comments

Post a Comment