Tuesday, January 27, 2015

Facebook နှင့် Instagram တို့ ယာယီပြတ်တောက်မှု ဖြစ်ပွားခဲ့

လူသုံးများသည့် Social Media များ ဖြစ်ကြသည့် Facebook နှင့် Instagram တို့သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မိနစ်အနည်းငယ်မျှ ပြတ်တောက်သွားခဲ့... thumbnail 1 summary

လူသုံးများသည့် Social Media များ ဖြစ်ကြသည့် Facebook နှင့် Instagram တို့သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မိနစ်အနည်းငယ်မျှ ပြတ်တောက်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၇ ရက် (မြန်မာစံတော်ချိန် နေ့လယ် တစ်နာရီကျော်ခန့်)က ကမ္ဘာ့နိုင်ငံ အများအပြားတွင် Facebook သုံးစွဲသူများ အနေဖြင့် ဝက်ဘ်ဆိုက်ထဲ ဝင်မရသည့် အခြေအနေနှင့် ကြုံခဲ့ရသည်။ အဆိုပါ သက်ရောက်မှုသည် PC ကွန်ပျူတာများတွင်ရော၊ မိုဘိုင်း ကိရိယာများတွင်ပါ ဖြစ်ပေါ်ခဲ့သည်။
ထို့အတူ Facebook ၏ ပိုင်ဆိုင်မှုအောက်တွင် ရှိနေသည့် Instagram သည်လည်း အလားတူ ပြတ်တောက်မှုမျိုး ပေါ်ပေါက်ခဲ့သည်။ Instagramကို PC ကွန်ပျူတာများဖြင့် ဝင်ရောက်၍ မရတော့သလို မိုဘိုင်း ကိရိယာများ အသုံးပြုသည့်အခါ ဓာတ်ပုံများ Uploadတင်၍ မရသည့် ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။
Instagram သည် ၎င်းတို့၏ ပြိုင်ဘက် Twitter ပေါ်မှတစ်ဆင့် အဆိုပါ ဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး သည်းခံပေးခဲ့သည့် အသုံးပြုသူများကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့သည်။ Facebook အနေဖြင့်မူ ယင်းအခြေအနေအတွက် လတ်တလောတွင် မှတ်ချက် တစ်စုံတစ်ရာ မပေးသေးချေ။ အဆိုပါ ချွတ်ယွင်းချက်သည် Chat Appတစ်ခုဖြစ်သည့် AIM နှင့် Dating App တစ်ခုဖြစ်သည့် Tinder တို့ကိုပါ သက်ရောက်မှု ရှိခဲ့သည်။
Lizard Square အမည်ရှိ Hacker အဖွဲ့တစ်ခုက ယင်းသည် မိမိတို့၏ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့်ဟု ကြေညာခဲ့သော်လည်း ယင်းအချက် မှန်၊ မမှန် အတည်မပြုနိုင်သေးချေ။
Facebook နှင့် Instagram တို့ ပြတ်တောက်မှု ဖြစ်နေချိန်တွင် လူအများသည် ပုံမှန်အတိုင်း လည်ပတ်နေသည့် Twitter မှတစ်ဆင့် ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

Credit >>> 7Day

No comments

Post a Comment