Saturday, January 24, 2015

MECTEl ၏ ဝန်ဆောင်မှု တိုးချဲ့ရန်စီစဉ်

 MPT နှင့် လက်တွဲ၍ ဝန် ဆောင်မှုများပေးနေသည့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC TEL)၏ ဆက်သွယ်ရေးဝန်ဆောင် မှုများကို ဖွံ့ဖြိုးမှုနည်းသော ... thumbnail 1 summary

 MPT နှင့် လက်တွဲ၍ ဝန် ဆောင်မှုများပေးနေသည့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC TEL)၏ ဆက်သွယ်ရေးဝန်ဆောင် မှုများကို ဖွံ့ဖြိုးမှုနည်းသော ပြည် နယ်ဒေသများတွင် တိုးချဲ့သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိ သည်။
‘‘ဝန်ဆောင်မှုတွေကို ဆက် သွယ်ရေးဖွံ့ဖြိုးမှုနည်းတဲ့ဒေသ တွေမှာ ဆက်ပြီးတိုးချဲ့သွားဖို့ရှိပါ တယ်။ ဘယ်ပြည်နယ်တွေမှာ ထပ်ပြီး  တိုးချဲ့သွားမယ်ဆိုတာ ဆွေးနွေးနေပါတယ်’’ဟု မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း MEC TEL မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
MECTEL အနေဖြင့် ပြီးခဲ့ သည့် ဒီဇင်ဘာက ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ဖွံ့ဖြိုးမှုအ နည်းဆုံးမြို့နယ်ဖြစ်သည့်ကိုကိုးကျွန်းနှင့် ချင်းပြည်နယ်ရှိ မတူပီ မြို့နယ်တို့တွင် ဆက်သွယ်ရေး ကွန်ရက်များတိုးချဲ့၍ ဖွင့်လှစ်ပေး ခဲ့ပြီး အလားတူပြည်နယ်များတွင် လည်း ဝန်ဆောင်မှုတိုးချဲ့ပေး နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ ဝန်ဆောင်မှုပေးဖို့ လုပ်နေသလို အသုံးပြုသူတွေအတွက် သက်သာတဲ့နှုန်းထားနဲ့ပေးနိုင်ဖို့ ဝန်ဆောင်ခတွေကို မကြာမီမှာ လျှော့ချပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်’’ဟု MEC-TEL မှ တာဝန်ခံတစ်ဦးက ပြောသည်။

MECTEL သည် ၎င်းတို့၏ မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ဇန်နဝါရီ ၁၅ ရက်မှစ၍ ယခင် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချပေးလိုက်ခြင်း၊ အင်တာနက်အသုံး ပြုရန် ငွေတစ်သောင်းကျပ်ပေး၍ လျှောက်ထားရန် မလိုတော့ခြင်း နှင့် ယခင်ကတ်ပျောက်၊ ကတ် ပျက်များပြန်လျှောက်ရာတွင် ငွေ နှစ်သောင်းကျပ်ကောက်ခံနေရာ မှ ၁,၅၀၀ ကျပ်သို့ ပြောင်းလဲပေး လိုက်ကြောင်း သတင်းရရှိသည်။
 
Credit >>> 7 Day

No comments

Post a Comment