လုပ်ခလစာ တိုးမြင့်ရရှိရေးအတွက် သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေသော စက်ရုံလုပ်သားများ၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့က အင်အားသုံးလာရောက်ဖြိုခွဲခဲ့၍ ရဲတပ်ဖွဲ့နှင့် လုပ်သားများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးနောက် ပြန်လည် လူစုကာ တောင်းဆိုချက်များ ပြန်လည် ကြွေးကြော်နေကြသည်ကို ဖေဖော်ဝါရီ ၂၀ ရက်ညက တွေ့ရစဉ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်ရှိ အလုပ်သမားသပိတ် စခန်းသုံးခုကို ဖေဖော်ဝါရီ ၂၀ ရက် ညနေတွင် ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းကာ ဖြိုခွဲလိုက်သည်။
လုပ်ခလစာ တိုးမြှင့်ရေးအ တွက် ဆန္ဒပြနေကြသည့် ရွှေပြည် သာစက်မှုဇုန်ရှိအလုပ်သမားများ အား အစိုးရက သတိပေးပြီး သုံး ရက်အကြာတွင် သပိတ်စခန်း များကို ၀င်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
သပိတ်စခန်းများကို ညနေ ၄နာရီခန့်တွင် စတင်ဖြိုခွဲခဲ့ခြင်း ဖြစ်ပြီး ည ၉နာရီခန့်အထိ သပိတ် စခန်းနှစ်ခုထက်မနည်းကို ရဲတပ် ဖွဲ့က ၀င်ရောက်စီးနင်းခဲ့သည်။
သပိတ်စခန်းဖြိုခွဲမှုများအ တွင်း ရဲတပ်ဖွဲ့ဝင်များနှင့်အလုပ် သမားများအကြား ထိပ်တိုက် တွေ့ဆုံမှုများဖြစ်ပွားကာ နှစ်ဖက် စလုံးထိခိုက်ဒဏ်ရာများရရှိခဲ့ကြ သည်။ လုပ်ခလစာတိုးမြှင့်ရေးအတွက် ဆန္ဒပြနေကြသည့် ရွှေပြည်သာ စက်မှုဇုန်ရှိအလုပ်သမားအား အစိုးရက သတိပေးပြီး သုံးရက်အ ကြာတွင် သပိတ်စခန်းများကိုဝင် ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
သပိတ်စခန်းများကို ညနေ ၄နာရီခန့်တွင် စတင်ဖြိုခွင်းခဲ့ခြင်း ဖြစ်ပြီး ည ၉နာရီခန့်အထိ သပိတ် စခန်းနှစ်ခုထက်မနည်းကို ရဲတပ် ဖွဲ့က ၀င်ရောက်စီးနင်းခဲ့သည်။
သပိတ်စခန်းဖြိုခွင်းမှုများအ တွင်း ရဲတပ်ဖွဲ့ဝင်များနှင့်အလုပ် သမားများအကြားထိပ်တိုက် တွေ့ဆုံမှုများဖြစ်ပွားကာ နှစ်ဖက် စလုံးထိခိုက်ဒဏ်ရာများရရှိခဲ့ကြ သည်။
လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုနေသည့် ရွှေပြည်သာ စက်မှုဇုန်ရှိ Ford Gloryအထည် ချုပ်စက်ရုံကို ညနေ ၄နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက စတင်ဖြိုခွဲခဲ့ ခြင်းဖြစ်သည်။
အဆိုပါစက်ရုံမှအလုပ်သမား များသည် သပိတ်စခန်း ဖြိုခွဲခံရ ပြီးနောက် အနီးအနားရှိ E-Land Myanmar အထည်ချုပ်စက်ရုံ သပိတ်စခန်းသို့ သွားရောက်ပူး ပေါင်းခဲ့သည်။
စက်ရုံနှစ်ခုမှ အလုပ်သ မားများစုပေါင်းခဲ့သည့် E-Land Myanmarစက်ရုံသပိတ်စခန်း အား ရဲတပ်ဖွဲ့က ၀င်ရောက်ဖြိုခွဲ ရန်ကြိုစားရာ နှစ်ဖက်အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။
နှစ်ဖက်အကြားအပြင်းအ ထန်ရုန်းရင်းဆန်ခတ်မှုသည် ၁၀မိ နစ်ခန့်ကြာမြင့်ခဲ့ပြီး ရဲကားလေးစီး ထက်မနည်း တိုက်ခိုက်ခံခဲ့ရ ကြောင်း မျက်မြင်များကပြော သည်။
ထို့အပြင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားချိန်တွင်ရပ်ကွက်နေပြည်သူအချို့က ဆန္ဒပြအလုပ်သမား များဘက်မှပူးပေါင်း၍ ရဲတပ်ဖွဲ့အားအုတ်ခဲ၊ကျောက်ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ခဲ့ကြောင်း E -Land Myanmar ရှေ့ အခင်းဖြစ် ပွားရာတွင် ကြည့်ရှုနေသော ပြည်သူများက ပြောသည်။ ဒဏ်ရာရရှိသော ရဲတပ်ဖွဲ့ဝင်များကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။ အလုပ်သမားများဘက်မှ ဒဏ်ရာ ရရှိသောသူများကို ဒဏ်ရာရရှိသောသူ၏မိသားစုဝင်များကဆိုက်ကားဖြင့် အသီးသီး ခေါ်ဆောင်သွားသည် ကို တွေ့ရသည်။
‘‘ရဲတွေဒဏ်ရာရတာတော့အများကြီးပဲ။ ဘယ်နှယောက်မှန်း မသိသေးဘူး’’ဟု ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှဒုရဲမှုးကြီးမြင့်လွင်က ပြောသည်။
သပိတ်စခန်းများအား လာရောက် ဖြိုခွဲသည့်ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် အလုပ်သမားဒါဇင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံးသုံးဆယ်ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဆန္ဒပြအ လုပ်သမားများကပြောသည်။
‘‘အလုပ်သမားတွေထိုင်နေ တဲ့အချိန်မှာ ရဲတွေက ၀င်ဖမ်း တယ်။ တုတ်တွေနဲ့ ရိုက်တာမှာ အမျိုးသမီးတော်တော်များများ ဒဏ်ရာရကြတယ်။ ရဲတွေက အ တင်းဆွဲခေါ်ပြီး ဖမ်းတာ အလုပ် သမားသုံးဆယ်လောက်အဖမ်းခံ ရတယ်။ အတိအကျတော့မသိ သေးဘူး’’ဟု E-Land Myanmar ၏ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဟိန်းကျော်ကပြောသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒ ပြအလုပ်သမားများနှင့်အလုပ်သ မားအရေးလှုပ်ရှားသူများအား ဖမ်းဆီးပြီးနောက် မော်တော် ယာဉ်ပေါ်ရောက်ရှိချိန်တွင် ချုပ် နှောင်ထိုးကြိတ်မှုများ ပြုလုပ်ခဲ့ ကြောင်း အလုပ်သမားများကစွပ် စွဲခဲ့ကြသည်။
‘‘ကျွန်တော်တာဝန်ကျတဲ့Ford Gloryမှာကတော့ ဘာပြဿ နာမှမရှိဘူး။ သူတို့ တဲတွေကို ဖျက်ရုံပဲ။ ဒဏ်ရာရတဲ့သူလည်း မရှိဘူး။ ဖမ်းဆီးခေါ်ဆောင်တာ လည်းမရှိဘူး။ တခြားစက်ရုံတွေ တော့မသိဘူး။ ဘယ်အဖွဲ့က တာ ၀န်ယူ ရှင်းလင်းတာလဲဆိုတာ ကျွန်တော်လည်းမသိဘူး’’ဟု ရွှေ ပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းကပြောသည်။
COSTEC INTERNA-TIONAL၊ FORD Glory နှင့် E- Land Myanmar အထည်ချုပ်စက်ရုံသုံးရုံမှ လုပ်သားအင်အား နှစ်ထောင်ခန့် အလုပ်သမားစုပေါင်း သပိတ်ဖွဲ့ကာသက်ဆိုင်ရာ စက်ရုံများရှေ့တွင် လုပ်ခလစာတိုးမြှင့်ပေးရန် ယခုလဆန်းပိုင်းကစ၍တောင်းဆိုနေ ခြင်းဖြစ်သည်။ သို့သော် စက်ရုံများက အလုပ်ပါးချိန်ဖြစ်၍ တိုးမပေးနိုင်သေးဘဲ ဇူလိုင်လ တွင်မှ တိုးပေးမည်ဟု အကြောင်းပြန်ထားကြောင်း သ တင်းရရှိသည်။
Credit >>> 7Day

No comments
Post a Comment