ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေများထဲမှ တစ်ခုဖြစ်တဲ့ ပတ္တရား ကမ်းခြေမှာ
လေထီးစီးခြင်း ဟာလည်း လာရောက်လည်ပတ်သူတွေ စိတ်ဝင်စား စေပါတယ်။
Speed Boat ရဲ့ နောက်တွင် အလွန်ခိုင်ခံသော ကြိုးဖြင့် လေထီးကို ချဉ်နှောင်ထားပြီး
ထိုလေထီးမှာ လူက လိုက်ပါစီးနင်း ရတာဖြစ်ပါတယ်။
ရုတ်တရက် ကြည့်မယ်ဆိုရင်တော့ ကြောက်စရာကောင်းမယ် ထင်ရပေမယ့်လည်း စီးဖူးပြီးသွားတဲ့ လူတွေကတော့ နောက်တစ်ကြိမ် ထပ်မံ၍ စီးချင်ပါတယ်။ မစီးခင်မှာ အသက်ကယ် အင်္ကျီဝတ်ဆင်ရပြီး ထိုအင်္ကျီမှာလည်း လေထီးစီးဖြင့် ချိတ်ဆွဲနိုင်အောင်
သံပြားများ ပါရှိပါတယ်။ ဒါကြောင့် ပြုတ်ကျမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
နှလုံးရောဂါ ရှိသူများနှင့် ကြောက်တတ်သူများကတော့ မစီးတာ အကောင်းဆုံးပါ။
တကယ်၍ စီးမယ်ဆိုရင် Speed Boat က အချိန်ဖြင့် ဆွဲတဲ့အတွက်ကြောင့် ရုတ်တရက် လန့်သွား တတ်ပါတယ်။ ဒါပေမယ့် ကောင်းကင်ပေါ်ရောက် သွားရင်တော့ လေထီးစီးခြင်းရဲ့ အရသာကို ပြည့်ဝစွာ ခံစားရမှာပါ။ အရမ်းဝိတ်ပေါ့တဲ့ ကလေးငယ်တွေ ဆိုရင် တစ်ယောက်ထဲ စီးခွင့်မပေးပါဘူး။ ထိန်းမယ့် တစ်ယောက်ပါ ထည့်ပေးထားပါ။
တစ်ခါတစ်လေမှာ စထွက်ထွက်ခြင်း Speed Boat အချိန်နည်းတဲ့ အတွက်ကြောင့်
ရေထဲကို လေထီး ပြုတ်ကျတာမျိုးတော့ ရှိပါတယ်။ ဒါကလည်း အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာ မလိုပါဘူး။
Credit >>>> YoYarLay







No comments
Post a Comment