Tuesday, February 3, 2015

ရော်နယ်ဒို ပေါင် သန်း ၃၀၀ တန်ဟု ကိုယ်စားလှယ်ပြော

  စပိန် လာလီဂါ ရီးရဲလ် မက်ဒရစ် ဘောလုံးအသင်းက ခရစ္စတီယာနို ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးမယ်ဆိုရင် အနည်းဆုံး ပေါင် သန်း ၃၀၀ တန်တယ်လို့ သူရဲ့ ... thumbnail 1 summary
 



စပိန် လာလီဂါ ရီးရဲလ် မက်ဒရစ် ဘောလုံးအသင်းက ခရစ္စတီယာနို ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးမယ်ဆိုရင် အနည်းဆုံး ပေါင် သန်း ၃၀၀ တန်တယ်လို့ သူရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။
ကလပ်အသင်းက တစုံတရာအကြောင်းပြချက်ကြောင့် မနက်ဖြန်မှာ ပေါင် သန်း ၃၀၀နဲ့ ရောင်းချမယ်ဆိုရင် တစုံတယောက်က ပေးမှာ ဖြစ်ပါတယ်လို့ ကိုယ်စားလှယ် ဟောဟဲ မန်ဒီက ပြောပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အမြဲတမ်း အကောင်းဆုံး ကစားသမားဖြစ်သလို ဘယ်သူနဲ့မှ နှိုင်းလို့မရတဲ့အကြောင်းလည်း သူက ပြောပါတယ်။
ပရီးမီးယားလိဂ်က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တွေကို ချစ်ပေမယ့် ရော်နယ်ဒိုဟာ ရီးရဲလ် ကလပ်မှာ ဆက်ရှိနေအုံးမယ်လို့ ဆိုပါတယ်။
ဒါအပြင် ရီးရဲလ် အသင်းကို စွန့်ခွာမှာ မဟုတ်သလို ကစားသမားဘ၀ကို အဲဒီမှာ အဆုံးသတ်မယ်လို့ ရော်နယ်ဒို ကိုယ်စားလှယ်က ပြောပါတယ်။
Credit >>>> DVB

No comments

Post a Comment