Saturday, February 7, 2015

MPT ဖုန်းများ ပြည်ပသို့သယ်ဆောင်ရန် အခမဲ့လျှောက်ထားနိုင်

မန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းများအား International Outbound Roaming ဝန်ဆောင်မှုအတွက် သတ်မှတ်နေရာများတွင် အခမဲ့ လျှောက်ထားနိုင်မည်ဖြစ်ကြောင... thumbnail 1 summary

မန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းများအား International Outbound Roaming ဝန်ဆောင်မှုအတွက် သတ်မှတ်နေရာများတွင် အခမဲ့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကြိုတင်ငွေဖြည့်ကတ်သုံး မိုဘိုင်းဖုန်းများအတွက် မိမိသုံးစွဲမည့် အခြေအနေအရ ကျသင့်မည့်ဘီလ်ပမာဏကို ခန့်မှန်းကာ ကြိုတင်ငွေဖြည့်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါဖုန်းအတွက် International Outbound Roaming ဖွင့်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေးစခန်း၊ ရန်ကုန်မြို့တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ဘီလ်စနစ်သုံး မိုဘိုင်းဖုန်းများအတွက်မူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေလက်ခံကောင်တာများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး မန်နေဂျာ ရုံး၊ ငွေစာရင်းဌာနများတွင် သတ်မှတ်ထားသော ကြိုတင်ငွေပေးသွင်းရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကြိုတင်ငွေဖြည့်ကတ်သုံး မိုဘိုင်းဖုန်းများအတွက် အသေးစိတ်ကို ဖုန်း-၀၁ ၈၆၀၄၉၇၇ သို့ ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်ပြီး ဘီလ်စနစ်သုံး မိုဘိုင်းဖုန်းများအတွက် ကြိုတင်ငွေပေးရန် အသေး စိတ်ကို ဖုန်း-၀၁ ၂၄၆၄၄၈ သို့ မေးမြန်းနိုင်ကြောင်း သိရသည်။ International Outbound Roaming လျှောက်ထားပါက ပြည်ပနိုင်ငံများသို့ မိမိဖုန်းကို သယ်ဆောင်အသုံးပြုခြင်း၊ စာတိုပေး ပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်း စသည့် ဝန်ဆောင်မှုများကို ရရှိမည်ဖြစ်သည်။
ဖုန်းခေါ်ဆိုခမှာ သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားသော နှုန်းထားများအတိုင်း ဖြစ်သည်။ International Outbound Roaming လျှောက်ထားရန်အတွက် သတ်မှတ်ဖောင်တွင် အမည်၊ ဖုန်းနံပါတ်၊ သွားရောက်မည့်နိုင်ငံ၊ ထွက်ခွာမည့်နေ့၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ အစရှိသည့် အချက်အလက်များကို ဖြည့်စွက်ရမည်ဖြစ်သည်။
Credit >>>internetjournal

No comments

Post a Comment