Friday, March 20, 2015

ကွမ်းလုံ ရက် ၄၀ ဇာတ်လမ်းတွဲ မြ၀တီတွင် စတင်ပြသမည်

တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းအနေဖြင့် ကွမ်းလုံ ရက် ၄၀  ဇာတ်လမ်းတွဲကို  မတ်လ၂၁ မှ ၂၇ ရက်အထိ မြ၀တီ ရုပ်သံလိုင်းတွင် ပြသမည်ဖြစ်ကြောင်း ယင်းဇာတ်က... thumbnail 1 summary

တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းအနေဖြင့် ကွမ်းလုံ ရက် ၄၀  ဇာတ်လမ်းတွဲကို  မတ်လ၂၁ မှ ၂၇ ရက်အထိ မြ၀တီ ရုပ်သံလိုင်းတွင် ပြသမည်ဖြစ်ကြောင်း ယင်းဇာတ်ကား၏ ၀တ္ထုနှင့် တွဲဖက်ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)ကပြောသည်။
‘‘မြ၀တီ Free to air နဲ့ မြ၀တီ Varity ရုပ်သံလိုင်းတွေကနေ ပြသွားမှာပါ။ အပိုင်း (၁) ကနေ (၆) အထိကို ည ၈ နာရီသတင်း အပြီးမှာ ပြမယ်။ နောက်ဆုံးပိုင်းကိုတော့ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီမှာပြမှာပါ’’ဟု ၎င်းက ပြောသည်။
ယင်းဇာတ်ကားကို ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ခုနစ်လခန့် အချိန်ယူ၍ရိုက်ကူးခဲ့ရသည်ဟု ၎င်းကဆိုသည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်များအနေဖြင့် ဇင်ဝိုင်း၊ ရဲအောင်၊ ဝေဠုကျော်၊ မင်းမော်ကွန်း၊ နိုင်းနိုင်း၊ သူထူးစံ၊ မိုးယံဇွန်နှင့် စိုးရန်အောင်တို့ အဓိက သရုပ်ဆောင်များအနေဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်လမ်းတွဲကို ရုပ်သံလိုင်းတွင် ပြသပြီးပါက အခွေအနေဖြင့် ပြန်လည်ဖြန့်ချိရန် အစီအစဉ်မရှိသေးဘဲ ကြယ်စင်မော် ကွန်း ရုပ်ရှင်ဇာတ်ကားကဲ့သို့ ရုပ်ရှင်အဖြစ် ရုံတင်ပြသနိုင်ရန် စီစဉ် မည်ဟု ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်) က ပြောသည်။
Credit >>> 7Day

No comments

Post a Comment