အီရန်နဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် တခြားအင်အားကြီးနိုင်ငံတွေနဲ့ တံခါးပိတ် နျူကလီးယားဆွေးနွေးပွဲတွေကို အစ္စရေးထောက်လှမ်းရေးက ခိုးနားထောင်ပါတယ်။
ဒီနောက်မှာတော့ အမေရိကန်ကိုသတင်းပေးပြီး စာချုပ်တွေကို ကြိုတင်ဖျက်ဆီးဖို့ ကြိုးပမ်းတယ်လို့ ဝေါလ်စထရိတ် ဂျာနယ်က ရေးပါတယ်။
အမေရိကန်နဲ့ အစ္စရေးသံတမန်ဟောင်းနဲ့ ထောက်လှမ်းရေး၊ လွှတ်တော်အမတ်နဲ့ ဥပဒေအရာရှိတွေကို ကိုးကားပြီး ရေးသားထားတာဖြစ်ပါတယ်။
အမေရိကန်ကတော့ အစ္စရေးရဲ့ အခုလို လုပ်ဆောင်ချက်ကို အစောကတည်းက သိရှိထားသလို ဒီလိုထောက်လှမ်းတာထက် သတင်းအချက်အလက်တွေ ခိုးယူတာနဲ့ အထိခိုက်မခံတဲ့ နျူကလီးယားအရေးဆွေးနွေးတာကို လျော့ပေါအောင်လုပ်တာကို စိတ်ပျက်တယ်လို့ ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ်ရုံးခန်းကတော့ ဒီလိုထောက်လှမ်းနေတာကို ငြင်းဆိုလိုက်ပေမယ့် အမေရိကန်ကတော့ အစ္စရေးက ပြင်သစ်၊ ရုရှား၊ တရုတ်တို့နဲ့ အတူ အမေရိကန်ကို ထောက်လှမ်းတယ်လို့ ပြောပါတယ်။
Credit >>> DVB


No comments
Post a Comment