ထိုင်းနိုင်ငံမှာ အချိန်အခါမဲ့မိုး ရွာသွန်းမှုကြောင့် မြို့တော်ဘန်ကောက် လမ်းမကြီးတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီကျော်မှာ မိုးစတင်ရွာသွန်းပြီး မကြာခင်အချိန်တွင်းမှာဘဲ ဘန်ကောက်အဓိက လမ်းမကြီးပေါ်မှာ ရေလွှမ်းပြီး ဈေးဆိုင်တချို့က ကုန်ပစ္စည်းတွေ ရေထဲမျောပါကုန်တယ်လို့ အမ်ထိုင်းအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
အထူးသဖြင့် ရမ်ခမ်းဟိုင်၊ ဖရလမ်းဆမ်၊ ရာ့ခ်ျတမ်ရီ၊ လတ်ဖလောက်၊ ရာ့ခ်ျဒါး အစရှိတဲ့ လမ်းမကြီးပေါ် ရေလွှမ်းမိုးပြီး တချို့နေရာမှာ ၃၀ စင်တီမီတာထိ မြင့်တက်ကြောင်း၊ ကားဘော်ဒီ တ၀က်လောက် ရေထဲမြှုပ်နေကာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဆုခုမ်ဝစ် လမ်းမပေါ်မှာ ရေအောက်ပိုက်လိုင်းတစ်ခု ပွင့်ထွက်သွားတဲ့အတွက် လီဒိုပြဇာတ်ရုံက ဈေးဆိုင်တွေ ရေလွှမ်းပြီး ကုန်ပစ္စည်းတွေရေထဲမျောပါကုန်တယ်လို့ ဆိုင်ရှင်များက ပြောပါတယ်။
ရေလွှမ်းမိုးမှုအခြေအနေ၊ ယာဉ်လမ်းကြောင်းအနေအထားနဲ့ ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ်ဖုန်းလိုင်း ၁၁၇၉ ကို ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း အမ်ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
Credit >> DVB





No comments
Post a Comment