အစၥလာမ္ဘာသာကို ကြောက်ရွံ့အောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာကို အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က ရှုတ်ချလိုက်ပါတယ်။
အစ္စလာမ္မစ်(အိုင်အက်စ်)စစ်သွေးကြွတွေရဲ့ အင်တာနက်ပေါ်က ဝါဒဖြန့်ချီရေး ရုပ်သံတွေကို ရည်ညွှန်းပြီး မတ် ၂ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောတဲ့ မိန့်ခွန်းမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဂျာဗက်ဇာရစ်ဖ်ကတော့ “လူမျိုးရေးခွဲခြားမှုနဲ့ ဂျူးမုန်းတီးရေးဝါဒကို ပြစ်တင်ရှုတ်ချနေသလို လူအဖွဲ့အစည်း အများအပြားမှာ ပြစ်ဒဏ်ပေးနေတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာကို ကြောက်ရွံ့မှုကတော့ ကျယ်ပြန့်လာပါတယ်။ မွတ်စလင်တွေရဲ့ ယုံကြည်မှုနဲ့ တန်ဖိုးကို မလေးမစားလုပ်တာကို လူ့အဖွဲ့အစည်း အများစုမှာ သည်းခံနေရုံသာမက လွတ်လပ်စွာ ထင်မြင်ယူဆခွင့်အဖြစ် လူသိရှင်ကြား ဂုဏ်ယူနေကြတယ်။ ဒီအကျိုးဆက်ကို ကျနော်တို့ အားလုံး မြင်တယ်။ ပြစ်တင်ရှုတ်ချထိုက်တယ်။”လို့ ပြောပါတယ်။
အနောက်နိုင်ငံတွေဟာ အိုင်အက်စ်က လူအင်အားစုနေတာကို တိုက်ဖျက်ရာမှာ မအောင်မြင် ဖြစ်ရတယ် လို့လည်း သူက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တွေကို ကြောက်ရွံ့တာကို ထိန်းချုပ်ဖို့အတွက် တခြားနိုင်ငံတွေကို လက်တွဲဖို့ လည်း ဆော်သြလိုက်ပါတယ်။
Credit >>> ဒီဗွီဘီ.


No comments
Post a Comment