Tuesday, March 17, 2015

ကောလာဟလ များနှင့် ရင်ဆိုင် နေရသည့် အကယ်ဒမီ လူမင်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီလူမင်းသည် ကျောင်းသားများအား အကြမ်းဖက်သော ကိစ္စရပ်နှင့် သက်ဆိုင်သည့် ရှင်းလင်းပွဲများနှင့် ပတ်သက... thumbnail 1 summary

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီလူမင်းသည် ကျောင်းသားများအား အကြမ်းဖက်သော ကိစ္စရပ်နှင့် သက်ဆိုင်သည့် ရှင်းလင်းပွဲများနှင့် ပတ်သက်ပြီး ကောလာ ဟလများနှင့် ရင်ဆိုင် နေရကြောင်း အကယ်ဒမီ လူမင်းက ပြောသည်။
နာရေးကူညီမှုအသင်းမှ ဦးဆောင ကျင်းပသည့် အကြမ်းဖက်လုပ်ရပ်ရှုတ်ချသည့် ပွဲကို အနုပညာ ရှင်များအား တက်ရောက် အားပေးခြင်း မပြုရန် နီးစပ်ရာ အနုပညာရှင် များကို တိုက်တွန်း ပြောကြားခဲ့သည် ဆိုသော သတင်းမှား ထွက်ပေါ်လာခဲ့သည့် အပေါ် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ လူမင်းက ၎င်းအနေဖြင့် ယင်းသတင်းနှင့် ပတ်သက်၍ မည်သို့သော သဘောထားမျိုးမှ မထုတ်ပြန်ခဲ့သည့် အပြင် မည်သူ့ကိုမျှ ပွဲသို့ တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းအတွက် တိုက်တွန်းပြောကြားမှုမျိုး မလုပ်ခဲ့ဟု ပြောကြားခဲ့သည်။
ထို့အပြင် ကျောင်းသားများအား အကြမ်းဖက်ခြင်းကို ကန့်ကွက်သော်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် နိုင်ငံတော်အစိုးရအား ကြိုဆိုဟူသော ခေါင်းစဉ်ဖြင့် ထွက်ပေါ်လာသော သတင်းမှာလည်း လူမင်းအားမေး ၍ ဖော်ပြထားသည့် သတင်းမဟုတ်ဟု အကယ်ဒမီ လူမင်းက ပြောသည်။
''ကျွန်တော်ပြန်ရောက်မှ ဒီသတင်းတွေကို တွေ့တာပါ။ ဒီသတင်းတွေ ထွက်နေတဲ့ အချိန်မှာ ကျွန်တော်ခရီးသွား နေတာပါ။ အဲဒီမီဒီယာတွေကိုလည်း ကျွန်တော် တစ်ခါမှ အင်တာဗျူး မလုပ်ဖူးဘူး။ အဲဒီမှာရေးထား တာတွေက ကျွန်တော်ဖြေထားတာ တစ်ခုမှ မရှိဘူး။ ကျွန်တော့်ကို တမင်သက်သက်ထင် ယောင်ထင်မှား ဖြစ်အောင် ချောက်ချပြီးတော့ လုပ်ကြံတင်ထားတဲ့ Post တွေဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။
Credit >>> မြ၀တီ

No comments

Post a Comment