Sunday, March 1, 2015

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့ဆုံမည်

တစ်နှစ်နီးပါးကြာ သီး သန့်မတွေ့ဆုံဖြစ်ခဲ့သော နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သ... thumbnail 1 summary

တစ်နှစ်နီးပါးကြာ သီး သန့်မတွေ့ဆုံဖြစ်ခဲ့သော နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ညနေတွင် နိုင်ငံတော်သမ္မ တအိမ်တော်၌ သီးသန့်တွေ့ဆုံ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်၍ လေးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေးပြုလုပ် ပေးရန် ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုပြီးနောက် သမ္မတ ဦးသိန်းစိန်နှင့်၎င်းအကြား ဆက် ဆံရေးအေးစက်ခဲ့ကာ ၂၀၁၄ မတ်လ ၉ ရက်က နောက်ဆုံး သီးသန့်တွေ့ဆုံမှုသာ ရှိခဲ့သည်။
‘‘အခုလောလောဆယ်ဖြစ် နေတာတော့ ကျောင်းသားကိစ္စပဲ။ ကျောင်းသားကိစ္စကို ဆွေးနွေးပြီး အဖြေရှာကြရင်ကောင်းမှာပေါ့ ဗျာ။ ဖြစ်နိုင်ခြေရှိတာက ကျောင်း သားကိစ္စမဟုတ်ရင် အခြေခံဥပ ဒေကိစ္စဖြစ်ချင်ဖြစ်မှာပေါ့။ ကိစ္စ တစ်ခုနဲ့ပတ်သက်ပြီးရေရေရာရာ ဆွေးနွေးကြရင်ကောင်းမယ်ထင် တယ်’’ဟု မြန်မာနိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးကျော်ဝင်းက သုံးသပ်သည်။
‘‘အဓိကကတော့ ရွေး ကောက်ပွဲမှာ အပေးအယူရယ်၊ အပြီးမှာ ဘယ်လိုပူးပေါင်းမယ်ဆို တာ ဆွေးနွေးနိုင်ရင် နိုင်ငံအတွက် ကောင်းတာပေါ့။ ဒါပေမဲ့ လက်ရှိ ပုဂ္ဂိုလ်ရေးအလျှော့အတင်းကို အ လေးပေးနေရင်တော့ ရလဒ်က သိပ်ထူးခြားမှာ မဟုတ်ဘူးထင် တယ်’’ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးကသုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်နေ အိမ်အကျယ်ချုပ်မှ လွတ်လာပြီး နောက်ပိုင်း ၂၀၁၁ ခုနှစ် သြဂုတ် လ ၁၉ ရက်တွင် သမ္မတဦးသိန်း စိန်နှင့် သမိုင်းဝင်ပထမဆုံးအ ကြိမ်တွေ့ဆုံခဲ့ပြီး အပြောင်းအလဲ အချို့ဖြစ်လာခဲ့သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ကိစ္စနှင့်ပတ်သက်၍ သမ္မတဦး သိန်းစိန်၏ နှုတ်ဆိတ်နေသည့်အ ပေါ်ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ရာမှ ခေါင်းဆောင်နှစ်ဦး ဆက်ဆံရေး အေးစက်လာသည်။
ထိုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့်ဒေါ် အောင်ဆန်းစုကြည်သည် ၂၀၁၁ သြဂုတ်တွင်စတင်တွေ့ ဆုံခဲ့ပြီး ငါးကြိမ်သီးသန့် တွေ့ဆုံခဲ့သည်။
 
Credit >>>> 7Day

No comments

Post a Comment