ဒီမိုကရေစီဆန်တာပေါ့ကွယ်။အမျိုးသားတွေကတော့ဂျင်းထည့်ခံရတော့မယ်။
အမျိုးသမီးအတော်များများက သူတို့ ရှက်ရှက်လေးတွေရဲ့ မပေါ်သင့်တဲ့အရာမပေါ်အောင် အရမ်းဂရုတစိုက် နဲ့ဝတ်နေကြပေမယ့် တချို့တွေကျတော့လည်းတမင်တကာကိုသိသာထင်ရှားအောင်ဝတ်နေ ကြပါပြီ။အဘယ်ကြောင့် သိသာထင်ရှားအောင်ဝတ်သလည်းဆိုတော့ သူတို့အတွက်ပိုပြီးတော့ သက်တောင့်သက်သာရှိဖို့အတွက်နဲ့ ပိုပြီးတော့ ဖြားယောင်းသွေးဆောင်နိုင်အောင် သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ဖန်တီးထားတဲ့ အောက်ခံဘောင်းဘီတွေ ကိုဝတ်ကြရတာပါတဲ့။
"camel toe"လို့ခေါ်တဲ့အမျိုးသမီးဝတ်အောက်ခံဘောင်းဘီတွေကတော့ အမျိုးသမီးအဂါင်္ရဲ့ပုံစံကို အထင်းသားပေါ် လွင်နေ တဲ့ပုံစံ ဖြစ်အောင်ပြုလုပ်ထားတဲ့ ဘောင်းဘီဖြစ်ပြီး ပေါင်ခွကြားရဲ့အောက်ခြေ မှာတော့ ပိုပြီးပီပြင်အောင်ပြု လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုရှက်စရာကောင်းတဲ့ဘောင်းဘီတွေကို ကမ္ဘာ့နေရာအနှံ့က အမျိုးသမီးတွေကတော့ ၀တ်ဆင်ဖို့အတွက် မ၀ံမရဲဖြစ်နေတုန်းဘဲလို့ nextshark သတင်းမှာဖော်ပြထားပါတယ်။ အဲ့ဒီလိုမျိုး ပုရိသတွေကိုရင်ခုန်သံမြန်စေမယ့်"camel toe"ဘောင်းဘီတွေကိုတော့ ဂျပန်နိုင်ငံ က company တခုကထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုခေတ်အတွက် သင့်တော်အောင် ထုတ်လုပ်ခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်။
အခုလို ကာမစိတ်ကိုနှိုးဆွပေးနိုင်တဲ့ကုန်ပစ္စည်းကို ပြုလုပ်ပုံကတော့ သာမာန်အောက်ခံဘောင်းဘီ ကိုမှ ဆီလီကွန်အသားဖြင့်လည်းကောင်း၊ဖိုက်ဘာအထူသားဖြင့်လည်းကောင်း အပေါ်ကနေထပ်ပြီး ပြုလုပ်ထား တာဖြစ်ပါတယ်။၎င်းဘောင်းဘီကို အရောင်အသွေးစုံလင်စွာဖြင့် ဆိုဒ်စုံ ကိုက်စုံလည်း ရနိုင်ပါသေးတယ်။
အာရှအမျိုးသမီးထုရဲ့ကြားထဲမှာတော့ အဲ့ဒီအောက်ခံဘောင်းဘီအတုတွေဟာ အွန်လိုင်းရှော့ပင် လောကကနေ တဆင့်အောင်မြင်နေပါပီ။တချို့လက်လီရောင်းတဲ့ဈေးဆိုင်တွေမှာဆိုရင် မိန်းမလျာ စိတ် ၀င်နေတဲ့ယောက်ကျားတွေ အတွက် သူတို့ရဲ့ အမျိုးသားအဂါင်္ကိုဖုံးကွယ်ဖို့ဆိုပြီးတော့ ပစ်မှတ်ထားရောင်းချနေပါတယ်။ စိတ်ဝင်စားလို့ ၀ယ်ချင် တယ်ဆိုရင်တော့ အဲ့ဒီဘောင်းဘီမျိုး ရောင်းတဲ့ တံဆိပ်တမျိုးကတော့ Cuchini လို့ခေါ်ပါတယ်တဲ့။ ကဲ၊ အခုလိုအာရှ မှာခေတ်စားနေတဲ့ ဖက်ရှင်မျိုးကို စာဖတ်သူတွေအနေနဲ့ကကောဘယ်လိုများမြင်မိပါသလဲ?
Credit >>Buzzy




No comments
Post a Comment