Monday, February 20, 2017
ဂျက်လေယာဉ်နှင့် ယူအက်ဖ်အိုတစင်း တိုက်မိလုနီးဖြစ်ခဲ့သည့် ရုပ်သံဖိုင် ပျံ့နှံ့
ချီလီနိုင်ငံမှ လေကြောင်းစွမ်းရည်ပြပွဲတခုမှာ ဂျက်လေယာဉ်တစင်းနဲ့ အမျိုးအမည်မသိ ယူအက်ဖ်အိုတစင်း တိုက်မိလုနီးပါးဖြစ်ခဲ့ရတဲ့ ထိတ်လန့်ဖွယ် ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ချီလီနိုင်ငံ ပွာတိုဗားရက်စ်မြို့ လေကြောင်းစွမ်းရည် သရုပ်ပြချိန်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ကောင်းကင်ပေါ် စွမ်းရည်ပြသနေချိန်မှာ အမျိုးအမည်မသိရတဲ့ ယူအက်ဖ်အိုတစင်း ရုတ်တရက်ပဲ ရောက်လာခဲ့ပြီး တိုက်မိလုနီးပါး ဖြတ်သန်းသွားခဲ့တာကို တွေ့ရပါတယ်။
မျက်မြင်တွေ့ရှိသူတွေက ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြကာ အင်တာနက် စာမျက်နှာတွေပေါ်ကတဆင့် လေကြောင်းသရုပ်ပြချိန်မှာ ဖြတ်သန်းသွားတဲ့ အမျိုးအမည်မသိ ပန်းကန်ပြားပျံအဖြစ် ဖော်ပြခဲ့ကြတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုအင်တာနက်စာမျက်နှာပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ ၁ သောင်းနီးပါး ရှိခဲ့တာပါ။
တချို့က ဒါကို အာကာသယာဉ်တစင်းလို့ ပြောနေကြတာဖြစ်ပြီး တချို့ကတော့ ဖြတ်သန်းသွားလာတဲ့ လေယာဉ်တစင်း၊ ဒါမှမဟုတ် ငှက်တကောင်ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်အောက်မှာတော့ ဝင်ရောက်ကြည့်ရှုသူတယောက်က “မနေ့က ကောင်းကင်ပေါ်မှာ ယူအက်ဖ်အို ပန်းကန်ပြားပျံယာဉ်တစင်းကို တွေ့ခဲ့တယ်။ ဒါဟာ တကယ့်ကို တူညီနေတာပဲ” လို့ ရေးခဲ့ပါတယ်။
နောက်တယောက်ကတော့ “ဒါကို သေသေချာချာကြည့်ရင် ပန်းကန်ပြားပျံယာဉ် ၂ စင်းဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
Credit >>>DVB
Subscribe to:
Post Comments (Atom)

No comments
Post a Comment