Wednesday, February 15, 2017
ကျပ်သိန်း ၁၀၀၀ ပေးပြီး ရှေ့နေဦးကိုနီကိုလုပ်ကြံရန် စေခိုင်းသူမှာ တပ်မတော်ဒုဗိုလ်မှူးကြီးဟောင်းဟု သမ္မတရုံးထုတ်ပြန်
တရားလွှတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံဖို့ ငွေကျပ်သိန်း ၁၀၀၀ နဲ့ စေခိုင်းသူမှာ တပ်မတော် ဒုဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဦးကိုနီ လုပ်ကြံခံရမှုမှာ လက်ရှိ ဖမ်းဆီးထားတဲ့ တရားခံ အောင်ဝင်းဇော်ကို စစ်ဆေးချက်အရ သူ့ရဲညီဖြစ်သူ အောင်ဝင်းခိုင်က စရံငွေ ကျပ်သိန်းတရာပေးပြီး စေခိုင်းခဲ့ကြောင်း၊ ကမ်းလှမ်းချက်အရ လုပ်ကြံပေးနိုင်မယ့်သူကို ရှာဖွေရာ ကနေဦးက အင်းစိန်မှာနေထိုင်သူ အောင်စိုးကို ကမ်းလှမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကြည်လင်းက အလုပ်တောင်းခံခဲ့လို့ သိန်း(၈၀၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြစ်မှုကျုးလွန်ဖို့ ငွေပေးစေခိုင်းသူလို့ ယူဆရပြီး လတ်တလောမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄မှာ မိမိသဘောဆန္ဒနဲ့ နှုတ်ထွက်ခိုင်းကြောင်း၊ ဦးကိုနီလုပ်ကြံခံရတဲ့နေ့မှာ အောင်ဝင်းခိုင်ရဲ့ လေယာဉ်ဆိုက်ရောက်မှု သတင်းအချက်အလက်တွေ ၀င်ရောက်ကြည့်ရှုခဲ့တဲ့ စီစီတီဗီမှတ်တမ်း ဓာတ်ပုံတွေကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။
အောင်ဝင်းခိုင်နဲ့ ဆက်စပ်တရားခံတွေ ဖမ်းဆီးနိုင်ရေးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီဟာ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရပြီး အခုချိန်ထိ အမှုနဲ့ ဆက်စပ်လို့ သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို ဖမ်းဆီးထားပါတယ်။
Credit >>> DVB
Subscribe to:
Post Comments (Atom)


No comments
Post a Comment