Monday, February 13, 2017

ထီပေါက်လို့ သူ့ဘဝပျက်ဆီးခဲ့တာပါဆိုပြီး ထီကုမ္ပဏီကို တရားစွဲချင်နေတဲ့ကောင်မလေး |

Jane Park လို့ အမည်ရတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ ဗြိတိန်မှာတော့ အသက်အငယ်ဆုံး သန်းဆုထီကြီးကို ဆွတ်ခူးရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။ Jane ဟာ ပေါ... thumbnail 1 summary

Jane Park လို့ အမည်ရတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ ဗြိတိန်မှာတော့ အသက်အငယ်ဆုံး သန်းဆုထီကြီးကို ဆွတ်ခူးရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။ Jane ဟာ ပေါင် သန်းတန်ထီကို ပထမဆုံးအကြိမ် ထိုးသည့်လမှာပင် ထီဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး၊ ထိုစဉ်က အသက် 17 နှစ်အရွယ်သာ ရှိပါသေးတယ်။
ဒါပေမယ့် ဒီလောက် ပိုက်ဆံတွေအများကြီးကြောင့် သူမဘ၀ဟာ အရင်ကလို လွတ်လပ်မှုမရှိတော့ကြောင့် Jane က ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ အသက်အရွယ်ဟာ ဥပဒေအရ ထီဆုကံစမ်းဖို့ တားမြစ်ထားတဲ့အရွယ်ဖြစ်ပေမယ့် ထီကုမ္မဏီတွေက သူမရဲ့ အသက်ကို ပေါ့ဆစွာနဲ့ သတိထားခဲ့ခြင်း မရှိဘူးလို့လည်း သူမက ဆိုပါတယ်။
အခုအချိန်မှာ အသက် 21 အရွယ်ကို ရောက်နေပြီဖြစ်တဲ့ Jane က ထီပေါက်လိုက်လို့ သူမဘ၀က ဆယ်ဆအထိ ပိုမိုဆိုး
ဝါးသွားခဲ့တယ်လို့ ဆိုပါတယ်။ သူမက Sunday People အစီအစဉ်မှာ ထီပေါက်လိုက်တဲ့အတွက် သူမဟာ တန်ဖိုးကြီး ဒီဇိုင်နာတွေရဲ့ အိတ်တွေကို ပိုပြီး လောဘတက်လာမိကြောင်း၊ နောက်ပြီး ငွေကြေးကို ဦးစားမပေးတဲ့ ချစ်သူကောင်လေးကို ရွေးချယ်ဖို့ အလွန်ခေါင်းခြောက်ခဲ့ရကြောင်း ဖွင့်ခဲ့ပါတယ်။

ဒါ့အပြင် Jane က သူမဟာ လူချမ်းသာတစ်ယောက် ဖြစ်လာတဲ့အတွက် ဖိအားတွေ အလွန်များခဲ့ပြီး၊ မကြာသေးခင်ကမှ McDonald ဆိုင်ကို သူမမောင်းနှင်လာတဲ့ ကားနဲ့ဝင်တိုက်မိခဲ့လို့ မူး/မောင်း ပြစ်မှုနဲ့ အမှုမဖွင့်ဖို့ ခြေသလုံးဖက်တောင်းပန်ခဲ့ရကြောင်း၊ ဒါဟာ ချမ်းသာခြင်းရဲ့ ဆိုးကျိုးဖြစ်ကြောင်း သူမက ပြောခဲ့ပါတယ်။
ဒါကြောင့် သူမဟာ ထီကုမ္မဏီတာဝန်ရှိသူတွေကို တရားစွဲလိုကြောင်း အတည်ပုံစံနဲ့ ပြောဆိုခဲ့ပါတယ်။ သူမဟာ အသက် 18 နှစ်အရွယ်မှာ ပေါင် 4500 အကုန်အကျခံကာ ရင်သားခွဲစိတ်မှုတွေလည်း ပြုလုပ်ခဲ့ပြီး၊ ဒီလိုခွဲစိတ်မှုတွေ ပြုလုပ်နိုင်ဖို့ ပိုက်ဆံရမယ့် အလုပ်တွေ အများကြီးလုပ်ဖို့လိုတယ်လို့လည်း သူမက ၀န်ခံခဲ့ပါတယ်။
ထီပေါက်ပြီးနောက်ပိုင်းမျာ Jane ဟာ ဈေးကြီးတဲ့ အ၀တ်အစားနဲ့ ရတနာပစ္စည်းတွေလည်း ၀ယ်ခဲ့တယ်လို့ ကြားသိရပြီး၊ လက်ရှိအချိန်မှာတော့ မိသားစုဝင်တွေရဲ့ အကြံအဉာဏ်နဲ့ ငွေတွေကို အလဟဿမဖြုန်းတီးဖို့ စိတ်ထိန်းနေရတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ Jane ဟာ အခုအခါမှာ အိမ်နှစ်လုံးပိုင်ဆိုင်ထားပြီး သူမကိုယ်သူမလည်း Developer တစ်ယောက်ဖြစ်
ကြောင်း ပြောလေ့ရှိပါတယ်။
Credit: ညီလင်းထက် (Shwemom)

No comments

Post a Comment