အလှသိပ်မပြင်တတ်တဲ့ ပျိုမေတွေအတွက် ခရင်းကိုသုံးပြီး အလှပြင်လို့ရပါတယ်။ ခရင်းဆိုတာ အိမ်တိုင်းမှာ မရှိမဖြစ်ပစ္စည်းတစ်မျိုးဖြစ်လို့ ခရင်းနဲ့ အလွယ်တူ အလှပြင်လို့ရပါတယ်။ ခရင်းနဲ့ အလှပြင်လို့ရမယ့် လျှိုဝှက်နည်းတွေကတော့ …
(၁) နှာတံဖော်လို့ရတယ်
ခရင်းကို နှာတံဖော်တဲ့နေရာမှာ သုံးလို့ရပါတယ်။ နှာတံမဖော်တတ်သေးတဲ့
ပျိုမေတွေအတွက် လေ့ကျင့်မူတစ်ခုကို ခရင်းနဲ့သုံးပြီးလုပ်လို့ရပါတယ်။
ပုံထဲကအတိုင်း နှာတံပေါ်မှာ ခရင်းကိုကပ်ထားပြီး သုံးနေရာကို အညို ၊
highlighter ၊ အညို ခြယ်လိုက်ပါ။ ချယ်ပြီးရင် ခရင်းကို
ဖယ်လိုက်ပါ။ ပြီးရင် တော့ အညိုတွေကို ဘေးဘက်ကိုဖြန့်လိုက်ပါ။ နှာတံအလယ်က
ဆိုးထားတဲ့ highlighter ကိုလည်း အပေါ်ကိုဖြန့်ပစ်လိုက်ပါ။ အဲ့လိုဆိုရင်
ခရင်းနဲ့နှာတံဖော်လို့ရပါတယ်။
(၂) မျက်ခုံးဆွဲလို့ရတယ်
ခရင်းကိုသုံးပြီး မျက်ခုံးမွှေးဆွဲလို့ရပါတယ်။ ဒါပေမယ့် သေချာ
ဂရုစိုက်ပြီး မျက်ခုံးဆွဲမှရမှာပါ။ ခရင်းဆိုတော့ အန္တရာယ်များလို့ပါ။
မျက်လုံးကို ချော်မထိုးမိအောင် ဂရုစိုက်ပေးပါနော်။ ပုံထဲကအတိုင်းပဲခရင်းကို
မျက်ခုံးမွှေးနားမှာ ကပ်ပြီး ဆွဲပေးရမှာပါ။ ခရင်းထိပ်က
အချောင်းကြားလေးတွေနဲ့ မျက်ခုံးကိုဆွဲပေးရမှာပဲဖြစ်ပါတယ်။
(၃) Eyeliner ဆွဲလို့ရတယ်
ခရင်းနဲ့အလှပြင်နိုင်တဲ့ နောက်တစ်နည်းကတော့ eyeliner ဆွဲလို့ရပါတယ်။
ပုံထဲကအတိုင်း ခရင်းထိပ်ဆုံးနဲ့ မျက်လုံးအစွန်းနားကို
ကပ်ပြီးဆွဲလို့ရပါတယ်။ ဒါပေမယ့် ဂရုစိုက်ပြီးဆွဲပေးပါနော်။
Credit >> ShweMom
Credit >> ShweMom





No comments
Post a Comment