Wednesday, December 6, 2017

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး ရွင္းျပတဲ့ အိမ္ေျမွာင္ ဘာ့ေၾကာင့္ စုတ္ထိုး ရသလဲ ဆိုတာ

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး ရွင္းျပတဲ့ အိမ္ေျမွာင္ ဘာ့ေၾကာင့္ စုတ္ထိုး ရသလဲ ဆိုတာ ဗဟုသုတ အေနန႔ဲျပန္လည္မ်ွေဝပါသည္။ အိမ္ရွိလ်ွင္ အိမ္ေ... thumbnail 1 summary
မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး ရွင္းျပတဲ့ အိမ္ေျမွာင္ ဘာ့ေၾကာင့္ စုတ္ထိုး ရသလဲ ဆိုတာ
ဗဟုသုတ အေနန႔ဲျပန္လည္မ်ွေဝပါသည္။
အိမ္ရွိလ်ွင္ အိမ္ေျမွာင္ဆိုတာ ရွိတတ္စျမဲ။သူ႔ စုတ္ထိုးသံ ၾကားရတတ္စျမဲ။အိမ္ေျမွာင္စုတ္ထိုးသံကိုလည္း လူေတြ အတိတ္ေကာက္ၾကေလ့ ရွိတတ္ၾကရဲ႕။
ဘာေၾကာင့္ အိမ္ေျမွာင္စုတ္ထိုးပါသလဲ။
အိမ္ေျမွာင္ စုတ္ထိုးျခင္းဟာ နတ္ေတြနဲ႔ ပတ္သက္ေနတတ္ေၾကာင္း ဆရာေတာ္ဘုရားၾကီးက ဒီလိုရွင္းျပထားပါတယ္။မိဘနဲ႔သားသမီး ဆရာနဲ႔တပည့္ လင္နဲ႔မယား ဆက္ဆံေရးမွာ လိုက္ေလ်ာမႈ မရွိခ့ဲလ်ွင္ တက်က္က်က္ျဖစ္ျပီး က်က္သေရမဂၤလာလည္း ပ်က္တတ္တယ္ ဆိုပါတယ္။
ကိုယ္ေစာင့္နတ္ အိမ္ေစာင့္နတ္ေတြ နားမခံသာ။ကံထိန္းနတ္ ဥစၥာေစာင့္နတ္ေတြလည္း နားမခံသာ။နတ္တို႔ နားမခံသာလို႔ေရွာင္သြားျခင္းသို႔မဟုတ္ လက္ပိုက္ၾကည့္ေနမည္ ဆိုပါက အဲဒီအိမ္စီးပြားမတတ္ ေနသမွ် လူစိတ္မေအးရ လာသမ်ွ ဧည့္သည္ မဆက္ဆံခ်င္ျဖစ္တတ္သည္။
လူေတြအေပၚ လူအုပ္ခ်ဳပ္ေရး ရိွသလို နတ္ေတြအေပၚ နတ္အုပ္ခ်ဳပ္ေရးလည္း ရွိပါတယ္…လူလူခ်င္း အုုပ္ခ်ဳပ္တ့ဲ လူ မင္းကိုေတာ့ ေလာကနတ္ ေခၚရတယ္။ လူကို အုပ္ခ်ဳပ္တ့ဲ နတ္မင္းမ်ားကိုေတာ့ သမၼဳတိနတ္ ေခၚရတယ္။
ေလာကသုံးပါး ေရွ႕ေဆာင္ လမ္းျပေတာ္မူတ့ဲ ဘုရားရွင္ကိုေတာ့ “ဝိသုဒိၶနတ္” ေခၚရတယ္။အဲဒီ သမၼဳတိနတ္မိ်ဳးထဲမွာ “ကိုယ္ေစာင့္နတ္” က ရပ္ကြက္အုပ္ခ်ဳပ္ေရးမင္းနဲ႔ တူတယ္။”အိမ္ေစာင့္နတ္” က အိမ္ေထာင္ဦးစီး မိဘမ်ားနဲ႔ တူတယ္။
ကံထိန္း (မိမိ ဘဝရဲ႕ ေကာင္းကံ ဆိုးကံ မိမိေစတနာ ဖန္းတီးထားတိုင္းကို တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတ့ဲ) နတ္က အလုပ္ရွင္နဲ႔ တူတယ္။ဥစၥာေစာင့္ (မိမိရဲ႕ လက္ရွိပစၥည္း အတိတ္က ျမွဳပ္နွံပစၥည္းမ်ားကို ေစာင့္ေရွာက္ျပီး ေပးသင့္ခိ်န္ သိမ္းသင့္ခ်ိန္ တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတ့ဲ) နတ္က ထိုအလုပ္ရွင္ရဲ႕ ဇနီးနဲ႔ တူတယ္။
သားတို႔ သမီးတို႔က လုပ္သားေတြနဲ႔ တူတယ္။
သူတို႔ကူမွ စီးပြားတက္တာ သူတို႔ကူလ်ွင္ စီးပြားက်ေစဦးေတာ့ ေခြးက် မက်တတ္။သူတို႔ကို ယုံလည္း ယုံမယ္ ရိုေသလည္း ရိုေသမယ္ ဆိုလ်ွင္ သူတို႔ေပ်ာ္ေလရဲ႕။သူတို႔ ေပ်ာ္လို႔ သားတို႔အေပၚေစတနာ သက္ေရာက္လာလ်ွင္ စီးပြားေရးအဆင္ေျပ အိမ္ေထာင္ေရးအေျခလွ လူမႈေရးေတြမွာ မ်က္နွာပန္းလွေရာ။သူတို႔ေနွာက္ယွက္လွ်င္ေတာ့ အရွက္တကြဲ အကိ်ဳးနည္းပဲ။
အိမ္တစ္အိမ္မွာ ညေန ေနဝင္ခါနီးမွာမီးဖိုေခ်ာင္ စီးပြားသိုေလွာင္ရာ အရပ္တို႔က အိမ္ေျမွာင္စုတ္ထိုးသံၾကားလ်ွင္ အ့ဲဒါ သူတို႔က သားတို႔အတြက္ စားသုံးဖို႔ ပစၥည္းလာထားတာတ့ဲ။အခိ်ဳ႕အိမ္ ဆန္အိုးဆန္မေလ်ွာ့ ဆီအိုး ဆီမေလ်ွာ့ ျဖစ္တတ္တယ္။ နေမာ္နမ့ဲမို႔ မသိၾကတာ။
တစ္ခါတစ္ရံသူ ထားသလို ကိုယ္ထားသလိုလိုနဲ႔ ေငြမ်ားလည္း ရတတ္တယ္။ အမွတ္မထင္ ေရႊစ ေက်ာက္မ်က္စေလးမ်ားလည္း ေကာက္ရေစတတ္တယ္။နတ္မတယ္ဆိုတာ နားကင္းၾကီးနဲ႔ ေရာ့ အင့္ မိ်ဳး မဟုတ္ဘူး။အိမ္ေရွ႕ခန္းက စုတ္ထိုးလ်ွင္ မင္းမႈစိုးမႈမ်ားနဲ႔ စကားမ်ားတတ္သတ့ဲ။
အိမ္လယ္ခန္းက စုတ္ထိုးလ်ွင္ သားကိစၥ သမီးကိစၥ စကားေျပာရတတ္သတ့ဲ။အိပ္ခန္းထဲက စုတ္ထိုးလ်ွင္ေတာ့ လင္မယားခ်င္းရန္ျဖစ္ၾကကေရာ။အိမ္ေျမွာင္ဆိုတာ စ်ာန္ကြက္ (ကသိုဏ္းကြက္) ဝင္ေနတ့ဲ မ်က္လုံးရွင္ဆိုေတာ့ သူတို႔ (နတ္)လာတာ ျမင္ရ သိရသတ့ဲ။
ဒါေၾကာင့္အိမ္ေျမွာင္စုတ္ထိုးသံ ဆိုတာ လူနွင့္ နတ္တို႔ရဲ႕ဆက္သြယ္ေရး အခ်က္ျပ သေကၤတသဖြယ္လည္း ရွိပါတယ္။လူခ်မ္းသာ နတ္ခ်မ္းသာ ဆိုတာလည္း အျပန္အလွန္ ဆက္သြယ္ေနတာမို႔ လူတို႔ဘက္က ေကာင္းေအာင္ေနျပဖို႔ အေရးၾကီးတယ္လို႔ ဆိုသင့္လွပါတယ္။
(မဟာေဗာဓိျမိဳင္ ဆရာေတာ္ဘုရားၾကီး)
Credit to original writer
================
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရှင်းပြတဲ့ အိမ်မြှောင် ဘာ့ကြောင့် စုတ်ထိုး ရသလဲ ဆိုတာ
ဗဟုသုတ အနေနဲ့ပြန်လည်မျှဝေပါသည်။
အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။
ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။
အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်း ဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။မိဘနဲ့သားသမီး ဆရာနဲ့တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။
ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်း နားမခံသာ။နတ်တို့ နားမခံသာလို့ရှောင်သွားခြင်းသို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ်စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်သည် မဆက်ဆံချင်ဖြစ်တတ်သည်။
လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိပါတယ်…လူလူချင်း အုုပ်ချုပ်တဲ့ လူ မင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူကို အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။
လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။”အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။
ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ်။ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။
သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။
သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့။သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက်လာလျှင် စီးပွားရေးအဆင်ပြေ အိမ်ထောင်ရေးအခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော။သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။
အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးမှာမီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။အချို့အိမ် ဆန်အိုးဆန်မလျှော့ ဆီအိုး ဆီမလျှော့ ဖြစ်တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။
တစ်ခါတစ်ရံသူ ထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။ အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရစေတတ်တယ်။နတ်မတယ်ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး။အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများတတ်သတဲ့။
အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။အိမ်မြှောင်ဆိုတာ စျာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူတို့ (နတ်)လာတာ မြင်ရ သိရသတဲ့။
ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်လည်း ရှိပါတယ်။လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။
(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
Credit to original writer

No comments

Post a Comment