Saturday, December 27, 2014

အင်တာဗျူးဇာတ်ကားမှာ ခွင့်မပြုဘဲ သီချင်းသုံးတဲ့ ဆိုနီကို တရားစွဲမယ့် ယွန်းမီရယ်

 တောင်ကိုရီးယားပေါ့ပ် အဆိုတော် ယွန်းမီရယ်က ဟော လိဝုဒ်ရုပ်ရှင်ဇာတ်ကား The Interview သည် ခွင့်ပြုချက်မရယူ ဘဲ ၎င်း၏ သီချင်းတစ်ပုဒ်ကို အသုံးပြုခဲ... thumbnail 1 summary

 တောင်ကိုရီးယားပေါ့ပ် အဆိုတော် ယွန်းမီရယ်က ဟော လိဝုဒ်ရုပ်ရှင်ဇာတ်ကား The Interview သည် ခွင့်ပြုချက်မရယူ ဘဲ ၎င်း၏ သီချင်းတစ်ပုဒ်ကို အသုံးပြုခဲ့ကြောင်းနှင့် ယင်းသို့ အသုံးပြုမှုအတွက် တရားစွဲဆို သွားမည်ဟု ပြောသည်။
‘‘ယွန်းမီရယ်ရဲ့ Pay Day သီချင်းကို The Interview မှာ သုံးဖို့အတွက် အစောတုန်းက ဆွေးနွေးတာတွေရှိခဲ့ပါတယ်။ ဒါ ပေမဲ့ နောက်ပိုင်းမှာ ဆွေးနွေးမှု တွေရပ်သွားတော့ ဩော်.. ဒီ သီချင်းကို မသုံးဖြစ်တော့ဘူးလို့ပဲ ထင်တာပေါ့။ ဒါပေမဲ့ ရုပ်ရှင် ထွက်လာတဲ့အခါ   ကြည့်လိုက် တော့ အဲဒီသီချင်းကို ခွင့်ပြုချက် မတောင်းဘဲ၊ သဘောတူစာချုပ် မချုပ်ဘဲ ယူသုံးထားတာ သိလိုက် ရပါတယ်။ ဒါကြောင့် Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကိုရော သီချင်းအသုံးပြု ရေးဆွေးနွေးပွဲကို ကြားဝင်ဆောင် ရွက်ပေးခဲ့တဲ့ DFSB အေဂျင်စီကို ပါ ကျွန်တော်တို့တွေ တရားစွဲ သွားပါမယ်’’ဟု ယွန်းမီရယ်၏ အေဂျင်စီ Feel Ghood Music က ဒီဇင်ဘာ ၂၆ ရက်တွင် ပြော သည်။ The Interview ရုပ်ရှင် ဇာတ်ကားသည် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအမ် ကိုလုပ်ကြံသည့်အကြောင်း တင် ဆက်ထားသည့် ဟာသဇာတ်ကား တစ်ကားဖြစ်သည်။ အဆိုတော် ယွန်းမီရယ်၏ သီချင်း Pay Day ကို ကင်ဂျုံအမ်သောက်စားပျော် ရွှင်နေသည့် ဇာတ်ဝင်ခန်း၌ အသုံး ပြုထားသည်ဟု သိရသည်။

Credit >>> 7 Day

No comments

Post a Comment