Saturday, December 27, 2014

အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော လေယာဉ်တစ်စီး ပျောက်ဆုံးနေ

အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော Air Asia မှ လေယာဉ်တစ်စီးသည် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ Air Asia လေကြောင်းလိုင်းပိုင်... thumbnail 1 summary

အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော Air Asia မှ လေယာဉ်တစ်စီးသည် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
Air Asia လေကြောင်းလိုင်းပိုင် Airbus A320-200 အမျိုးအစား လေယာဉ် အမှတ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမှ စင်ကာပူသို့ ယနေ့နံနက် ၅ နာရီ၂၀ မိနစ်တွင် ပျံသန်းထွက်ခွာသွားပြီးနောက် နံနက် ၇နာရီ ၂၄ မိနစ်မှ စကာ အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းမှ အတည်ပြု ပြောကြားသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦး အပါအ၀င် စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားသည်။ လေကြောင်းလိုင်းမှ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီလည်း ဖြစ်သည်။
"လက်ရှိအချိန်ထိ ခရီးသည်တွေဆီကရော၊ လေယာဉ်ပေါ်က ၀န်ထမ်းတွေဆီကပါ ဘာအဆက်အသွယ်ကိုမှ မရရှိသေးပါဘူး။ သတင်းအချက်အလက်တွေ ရရှိလာတဲ့အခါ အကြောင်းကြားပါ့မယ် " ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။
Credit >> 7 Day

No comments

Post a Comment