ဒီနေ့မနက်က ဆည်တည်းရွာမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သလို တုံရွာမှာလည်း ခြံစည်းရိုးတွေ ခတ်ခဲ့ပါတယ်။ အဲဒီ့ရွာက ယာမြေတွေမှာ ပဲစင်းငုံ၊ ပြောင်းနဲ့ ကုလားပဲတို့ စိုက်ပျိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသမှာ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ဒီနေ့ ဆည်တည်းနဲ့ တုံရွာမှာ ခြံစည်းရိုးတွေ ဆက်လက်ခတ်နေပါတယ်။
မနေ့က မိုးကြိုးပြင်ရွာမှာ ခြံစည်းရိုးခတ်စဉ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကျေးရွာသားတွေကြား ပဋိပက္ခဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူတစ်ဦးရှိခဲ့ပြီး ၁၃ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။
Credit >>> RFA Burmese



No comments
Post a Comment