Wednesday, December 17, 2014

မေလတွင် အလည်အပတ်လာရောက်ရန် ကင်မ်ဂျုံအမ်းကို ရုရှား ဖိတ်ကြား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်းကို ရုရှားနိုင်ငံက လာမည့် မေလတွင် ပြုလုပ်မည့် ဒုတိကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့ခြင်း အထိမ်းအမှတ်သို့ တက... thumbnail 1 summary

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်းကို ရုရှားနိုင်ငံက လာမည့် မေလတွင် ပြုလုပ်မည့် ဒုတိကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့ခြင်း အထိမ်းအမှတ်သို့ တက်ရောက်ရန် ဖိတ်ကြားလိုက်ပြီး ထိုခရီးစဉ်မှာ အာဏာရလာသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကင်မ်၏ ပထမဆုံး ပြည်ပခရီးစဉ်တခု ဖြစ်လာမည်ဟု ဂျပန်ရှင်ဗျွန်းသတင်းစာက ဖော်ပြထားသည်။

ယူကရိန်းအကျပ်အတည်းတွင် ထောက်ခံပေးမှုနှင့် တောင်ကိုရီးယားသို့ နိုင်ငံတွင်းမှ ဖြတ်ကျော်၍ သဘာဝဓာတ်ငွေ့ တင်ပို့ရန် လိုအပ်နေမှုတို့ကြောင့် ကင်မ်ဂျုံအမ်းကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တွေ့ဆုံသွားဖွယ်ရှိကြောင်း အမည်မဖော်လိုသည် သံရုံးသတင်းရင်းမြစ်များက ပြောကြားသည်။

သို့ရာတွင် ယင်းဖိတ်ကြားချက်ကို ကင်မ်ဂျုံအမ်းမှ သဘောတူညီမှုရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။

မြောက်ကိုရီးယားသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နျူကလီးယားလက်နက်ထုပ်လုပ်မှု အစီအစဉ်များကြောင့် နိုင်ငံတကာ၏ ဝေဖန်မှု ခံနေရချိန်တွေ ရုရှားနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေးကို လိုလားနေခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းက ပူတင်သည် ကင်မ်၏ ပုဂ္ဂိုလ်ရေး သံတမန်တဦးနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း လုံခြုံရေးအတွက် ပိုမိုလက်တွဲဆောင်ရွက်ရန်လည်း မြောက်ကိုရီးယားကို ကမ်းလှမ်းခဲ့သည်။

Credit >>> ThitHtooLwin

No comments

Post a Comment