Wednesday, December 17, 2014

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ပထမဆုံးဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား ရွေးချယ်

သမိုင်းအစဉ်အလာကြီး မားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဒီဇင် ဘာ ၂၆ ရက်တွင် ပြန်လည်ဖွဲ့ စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သမဂ္ဂဥက္က... thumbnail 1 summary

သမိုင်းအစဉ်အလာကြီး မားခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဒီဇင် ဘာ ၂၆ ရက်တွင် ပြန်လည်ဖွဲ့ စည်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သမဂ္ဂဥက္ကဋ္ဌအဖြစ် ကျောင်းသူတစ်ဦးအား တင်မြှောက်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခဲ့ သည့် ရည်ရွယ်ချက်မှာ အဓိက အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက် အအုံပြန်လည်တည်ဆောက်ပေး ရန်၊ ကျောင်းသားအခွင့်အရေးကို တန်းတူညီမျှရရှိစေရန်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ မအိဆွေမြတ်ကပြောသည်။
‘‘ကျောင်းသားသမဂ္ဂ အနေနဲ့ ကျောင်းသားထုရှေ့ကနေပြီး တော့ လိုအပ်နေတဲ့ အခွင့်အရေး တွေကို တန်းတူရရှိနိုင်ဖို့အတွက် တောင်းဆိုသွားမှာပါ။ သမဂ္ဂ အနေနဲ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ် ကျောင်းသား အ ဆောက်အအုံ ပြန်လည်တည် ဆောက်ပေးဖို့အတွက် လမ်းစဉ် တစ်ခုချပြီးတော့ ဆောင်ရွက်သွား မည်လို့ ဆုံးဖြတ်ချက်ချထားပါ တယ်။ အခုဖွဲ့ထားတဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ က ဘယ်နိုင်ငံရေး ပါတီအဖွဲ့ အစည်း၊ မည်သူ တစ်ဦးတစ် ယောက်ရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိဘဲနဲ့ မည်သည့်ကိစ္စကိုမဆို လွတ်လွတ်လပ်လပ်ဖော်ဆောင်  ပြောဆိုနိုင်တဲ့၊ ဆုံးဖြတ်ချက်ချနိုင် တဲ့ အဖွဲ့အစည်းတစ်ခု အနေနဲ့ ရပ်တည်မှာပါ’’ ဟု မအိဆွေမြတ် ကပြောသည်။
အဆိုပါ သမဂ္ဂကို ယာယီအလုပ် အမှုဆောင်အဖွဲ့ဝင် ၁၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးဥက္ကဋ္ဌအဖြစ် မြန်မာစာ ဒုတိယနှစ်ကျောင်းသူ မအိဆွေမြတ်အားရွေးချယ်တင် မြှောက်ခဲ့ကြပြီး ပါဝင်လိုသည့် ကျောင်းသားများကို အဖွဲ့ဝင် အဖြစ် လက်ခံပြီးပါက ကျောင်း သားများသမဂ္ဂဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲ၍ ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူး ကိုခန့်ဝေ ဟိဏ်းကပြောသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားသမဂ္ဂများသမိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်း၊ ကိုနု၊ ကိုရာရှစ်၊ ကိုဗဟိန်း၊ ကိုဘဂျမ်းတို့ အပါ အ၀င် ထင်ရှားသည့် ပုဂ္ဂိုလ်များ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ သည့် ကျောင်းသားသမဂ္ဂအ ဆောက်အအုံကို ၁၉၆၂ ဇူလိုင် ၇ ရက်တွင် တော်လှန်းရေးကောင်စီ အစိုးရက ဖျက်ဆီးခဲ့ပြီးသည့် နောက်ပိုင်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ နည်းပါးသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၉၆ က ပိတ်ထားခဲ့ပြီး နောက်ပိုင်း ဘွဲ့လွန်သင်တန်းများကို သာ သင်ကြားပေးနေရာမှ ၂၀၁၃ ဒီဇင်ဘာတွင် ၀ိဇ္ဇာ၊ သိပ္ပံဘာသာ ရပ်ဘွဲ့ကြိုသင်တန်းများကို ပြန် လည်ဖွင့်လှစ်ခဲ့သည်။

Credit >>> 7 Day

No comments

Post a Comment