တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များအဖွဲ့ A Pinkက ခရစ္စမတ်အထူးလက်ဆောင်အဖြစ် ၎င်းတို့၏ လူကြိုက်အများဆုံး သီချင်း LUV အတွက် အကလေ့ကျင့်ပုံ ဗီဒီယိုကို ပရိသတ်များအတွက် ထုတ်ပြန်လိုက်သည်။
ဗီဒီယိုတွင် အကလေ့ကျင့်နေပုံများကို မပြသမီ မိန်းကလေးများက ၎င်းတို့၏ မြူးဇစ်ဗီဒီယို LUV အား အကြိမ်ငါးသန်းကျော်သည်အထိ ကြည့်ရှုအားပေးသော ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။
Apink အဖွဲ့၏ ပထမဆုံး ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များမှာလည်း နှစ်မိနစ်အတွင်း ရောင်းကုန်သွားခဲ့သည်။
ဇန်န၀ါရီ ၃၀ နှင့် ၃၁ ရက်တွင် အိုလံပစ်ပန်းခြံ၊ အိုလံပစ် ခန်းမတွင် ဖျော်ဖြေမည့် Pink Paradise ရှိုးပွဲထိုင်ခုံလက်မှတ် ၇၂၀၀ မှာ စရောင်းပြီး နှစ်မိနစ်အတွင်း ရောင်းကုန်သွားခဲ့သည်။
Credit >>> 7 Day new


No comments
Post a Comment