Sunday, January 11, 2015

ဒဏ်ရာရှိနေသည်ကို ဖုံးကွယ်ကာ ကမ္ဘာ့ဖလား ကစားခဲ့ဟု ဗန်ပါစီ ဖွင့်ဟ

ကမ္ဘာ့ဖလားပွဲနှင့်လွဲနိုင်သည့် ပေါင်ခြံဒဏ်ရာကို ဖုံးကွယ်ထားခြင်း မရှိပါက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းဘက်သို့ လှပစွာသွင်း ယူခဲ့သော ဗန်ပါ... thumbnail 1 summary

ကမ္ဘာ့ဖလားပွဲနှင့်လွဲနိုင်သည့် ပေါင်ခြံဒဏ်ရာကို ဖုံးကွယ်ထားခြင်း မရှိပါက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းဘက်သို့ လှပစွာသွင်း ယူခဲ့သော ဗန်ပါစီ၏ သွင်းဂိုးလည်း ရှိလာနိုင်မည် မဟုတ်ဟု ဗြိတိန်နေ့စဉ် ထုတ်ဒေးလီးမေးလ် သတင်းစာ ကဖော်ပြခဲ့သည်။
ယင်းဂိုးကို သွင်းယူ ခဲ့သော နယ်သာလန် တိုက်စစ်မှူး ဗန်ပါစီသည် တနင်္လာနေ့တွင် တစ်နှစ်တာ အကောင်းဆုံး ဂိုးဆုအတွက် ဖီဖာ ကမ္ဘာ့ အကောင်း ဆုံးဆု များပေးအပ် ပွဲကျင်းပရာ ဇူးရစ် မြို့သို့ သွားရောက် ရမည်ဖြစ်သည်။
တစ်နှစ်တာ အကောင်းဆုံးဂိုးဆု ဆန်ကာ တင်စာရင်း တွင် စပိန်အသင်းဘက် သို့လေပေါ်ခုန်ဝဲ ကာခေါင်း တိုက်သွင်း ယူခဲ့သည့် ဗန်ပါစီ၏ဂိုး၊ ဥရုဂွေး ဘက်သို့ သွင်းယူ ခဲ့သည့် ကိုလံဘီယာ ကွင်းလယ် တိုက်စစ်သမား ဂျိမ်းစ်ရိုဒရီဂွက်ဇ် ၏ဂိုး၊ ပီယာမောင့် အသင်းအတွက် အိုင်ယာလန် ကစားသမား စတက်ဖနီရော့ချီ သွင်းယူ သည့် ဂိုးတို့ရွေး ချယ်ခံ ထားရသည်။
နယ်သာလန် တိုက်စစ်မှူး ဗန်ပါစီက ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါလွဲမည်စိုးရိမ်သောကြောင့်  ပြင်းထန်သောဒဏ်ရာကို ဖုံးကွယ်ကာ ကစားခဲ့ရသည့် လျှို့ဝှက်ချက်ကို ပထမဆုံး အကြိမ်ထုတ်ပြော ခဲ့ခြင်းဖြစ်သည်။
"ကမ္ဘာ့ဖလား ကစားဖို့ ရီယိုကို သွားတော့ ကျွန်တော် အရမ်းစိုး ရိမ်နေ ခဲ့တယ်။ ပြီးခဲ့တဲ့ ရာသီကုန်မှာ ဒဏ်ရာကြောင့် ရှစ်ပတ်လောက် မကစားနိုင်ခဲ့ ဘူး။ပြန်ကောင်း ဖို့နေ့တိုင်း ကြိုးစား ခဲ့ရတယ်။
ပွဲချိန်ပြည့် ကြံ့ခိုင်တာကို ကျွန်တော့် နည်းပြက လိုချင်တယ်။ အဲဒါကို ဝေးလ်နဲ့ ခြေစမ်းပွဲမှာ လုပ်ပြခဲ့ရတယ်။ အဲဒီမတိုင်မီ သုံးလအတွင်း ဘယ်ပွဲမှာ မှကျွန်တော် မိနစ် ၇၀ ထက်ပိုပြီး မကစားခဲ့ရဘူး။
ပထမပိုင်းအပြီးမှာတော့ ကျွန်တော့်ဒဏ်ရာက အပြင်းအထန်နာလာလို့ ဆက်မ ကစားနိုင်တော့ဘူးလို့ နည်းပြကို ဖွင့်ပြော ခဲ့ရတယ်။ ကမ္ဘာ့ဖလား ကစားဖို့တစ် ပတ်အလိုမှာပါ"ဟု ဗန်ပါစီကပြောကြားခဲ့သည်။ နယ်သာလန်အသင်းတွင် အတွေ့အကြုံနည်းပါးသည့်ကစားသမားများနေ၍ ၎င်းနှင့်နည်းပြဗန်ဟားလ်၊ အသင်း ဆရာဝန် တို့တိုင်ပင်ပြီး ဒဏ်ရာကို ဖုံးကွယ်ရန်ဆုံးဖြတ်ခဲ့ကြကြောင်း ဗန်ပါစီကဆိုခဲ့သည်။

Credit >>> Mizzimaburmese

No comments

Post a Comment