Sunday, January 11, 2015

လက်နက်ခဲယမ်းများနှင့် ထွက်ပြေးလာသည့် မြန်မာစစ်သည် ၄ ဦးကို ထိုင်းနယ်ခြားစောင့် တပ်က ဖမ်းဆီး

ယမန်နေ့နံနက် ၅ နာရီခန့်က ထိုင်းဖက်သို့ လက်နက်ခဲယမ်းများနှင့် ထွက်ပြေး လာသည့် မြန်မာ စစ်တပ် ခလရ ၉၇ မှ စစ်သည် ၄ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး... thumbnail 1 summary

ယမန်နေ့နံနက် ၅ နာရီခန့်က ထိုင်းဖက်သို့ လက်နက်ခဲယမ်းများနှင့် ထွက်ပြေး လာသည့် မြန်မာ စစ်တပ် ခလရ ၉၇ မှ စစ်သည် ၄ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အုန်းဖန်မြို့နယ်ရှိ နို့ဖိုးကျေးရွာအတွင်းသို့ ၀င်ရောက်လာသည့် မြန်မာဘက်ခြမ်း ကော့ကရိတ်မြို့နယ် စခန်းသစ်တပ်စခန်းရှိ ခလရ ၉၇ မှ စစ်သည်များ ဖြစ်သည်ဟု ထိုင်းဘက်ကပြောသည်။

၎င်းစစ်သည်များမှာ MA - 1 အမျိုးအစား လက်နက် ၃ လက်နှင့်၎င်းကျည် ၂၂၀ ပါရှိသည့် တပ်သားအဆင့်များဖြစ်သော ကိုဝင်း ၂၅ နှစ် ကိုမျိုး ၂၃ နှစ် ဖြိုးကို ၂၀ နှစ် အောင်မျိုး ၁၈ နှစ်တို့ဖြစ်သည်။

၎င်းစစ်သည်များကို စစ်ဆေးမှုများပြု လုပ်နေသည့်အတွက် မြန်မာဘက်သို့ လွဲပြောင်းပေးရန် အစီအစဉ်မရှိသေးဟု ထိုင်းဘက်ဆိုသည်။

အဖမ်းခံထားရသည့် မြန်မာစစ်သည်များသည် အဆိုပါ ထိုင်းနယ်စပ်တွင် ရာဇ၀တ်မှုတခုကို ကျူးလွန်ထားသည်ဟုလည်း ထိုင်းဘက်ကပြောသည်။

အဆိုပါရာဇ၀တ်မှုကို ကျူးလွန်ထားခြင်း ပြစ်မှုထင်ရှားပါက ထိုင်းနိုင်ငံတွင်အရေးယူခံရကာ ပြစ်ဒဏ်ကျခံရနိုင်ဖွယ်ရှိသည်ဟုလည်း သိရှိရသည်။

Credit >>>> ကရင်အမျိုးသား(မီဒီယာ)

No comments

Post a Comment