Tuesday, February 3, 2015

မော်ဒယ်အမွှာညီအစ်မ ယောက်ျားလုရာမှ ဓါးထိုးမှုဖြစ်ပွား

ခရိုအေးရှားမှာတော့ ညီအစ်မအချစ်ရဲ့ အဓိပ္ဗါယ်ဟာ တမျိုးတဘာသာလို့ ဆိုရလေမလား။ လွန်ခဲ့တဲ့စနေနေ့ညက ဘောလ်ကန်ဒေသမှာ နာမည်ရ မော်ဒယ်တဦးဖြစ်တဲ့ အသက် ၂၂... thumbnail 1 summary

ခရိုအေးရှားမှာတော့ ညီအစ်မအချစ်ရဲ့ အဓိပ္ဗါယ်ဟာ တမျိုးတဘာသာလို့ ဆိုရလေမလား။ လွန်ခဲ့တဲ့စနေနေ့ညက ဘောလ်ကန်ဒေသမှာ နာမည်ရ မော်ဒယ်တဦးဖြစ်တဲ့ အသက် ၂၂အရွယ် ဆာရာ ဂရက်ကိုဗစ်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ဆင်တူ အမွှာညီမဖြစ်တဲ့ ဒါဂျားနားရဲ့ ရင်ဘက်နဲ့ ပေါင်ကို ဓါးနဲ့ထိုးတဲ့အမှု တခုဖြစ်ပွား ခဲ့ပါတယ်။ ဒါဂျားနား အသက်မပျောက်ခဲ့သော်လည်း ရီဂျေကာဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ ဆေးကုသခံနေရတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ဆာရာ ဂရက်ကိုဗစ်ကို ဖမ်းဆီး ထိန်းသိမ်း ထားပြီး အာမခံ(ဒေါ်လာ ၁၅၀,၀၀၀)ရဖို့ စောင့်ဆိုင်းနေပါတယ်။

ဆင်တူအမွှာတွေဟာ များသောအားဖြင့် စိတ်တူကိုယ်တူ ခွဲမရနိုင်အောင် အပြန်အလှန်သံယောစဉ်ရှိကြပေမယ့် သူတို့ ၂ဦးကတော့ အဲဒီလိုမဟုတ်ကြောင်း ခရိုအေးရှားမီဒီယာတွေက ဖော်ပြတယ်။ ဆင်တူအမွှာတွေဖြစ်လင့်ကစား ဘယ်သူပိုလှသလဲဆိုတာနဲ့ပတ်သက်လို့ သူတို့ ၂ဦး မကြာခဏ အငြင်းပွားလေ့ရှိတယ်လို့ ပြည်တွင်းစာနယ်ဇင်းစာမျက်နှာတွေက ရေးသားကြပါတယ်။ ဆာရာဟာ မကြာသေးမီကမှ ညီအစ်မ ၂ယောက်စလုံး ၀င်ပြိုင်ခဲ့တဲ့ မော်ဒယ်ပြိုင်ပွဲတခုမှာ အနိုင်ရရှိခဲ့သူဖြစ်ပြီး နောင်မှာ ရုပ်ရှင်မင်းသမီးလုပ်ဖို့ စိတ်ဆန္ဒရှိသူပါ။ UK က The Mirror သတင်းစာရဲ့ဖော်ပြချက်အရ ညီအစ်မ ၂ယောက်ဟာ ခွဲမရအောင် ရုပ်ဆင်ကြတယ်လို့ ဆိုပါတယ်။

“သူတို့ ၂ယောက်က အမြဲလို ပြင်ဆင်ချယ်သထားပြီး အပြောအဆိုလည်း ယဉ်ကျေးကြတယ်၊ ၀ရံဒါကနေ ‘ဟဲလို’ လို့ နူတ်ဆက်တဲ့အခါ အကြီးလား၊ အငယ်လားဆိုတာ မဝေခွဲတတ်အောင်ပါဘဲ”လို့ အိမ်နီးချင်းတယောက်က ပြောပြပါတယ်။

သူတို့ ညီအစ်မ ၂ဦးဟာ တယောက်အပေါ်တယောက် ပြင်းထန်တဲ့ဣသာမိစ္ဆာရိယရှိကြတဲ့အပြင် ဆာရာနဲ့ တွဲနေတဲ့ အမျိုးသားက ဒါဂျားနားကို မြာပွေဖို့ကြိုးစားတဲ့အတွက် မကြာသေးမီကပဲ အချင်းများ ရန်ဖြစ်ကြတယ်လို့ ခရိုအေးရှားပြည်တွင်းသတင်းစားများက ရေးသားကြပါတယ်။ ရီဂျောကာမြို့မှာ မိခင်နဲ့အတူ တအိမ်တည်းအတူနေကြတာဖြစ်ပြီး ရည်စားလုရာက မနာလိုတိုရှည်ဖြစ်ကာ ညီအစ်မတယောက် အသက်ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရတာပါ။

“သူတို့ ၂ယောက်က ယောက်ျားတယောက်ကို ပြိုင်တူကြိုက်ရာက အချင်းများကြပုံပါပဲ၊ ကြည့်ရတာ ဟိုလူက ဒါဂျားနားနဲ့ အတွဲခုတ်နေပါပြီ၊ ဒါကို ဆာရာ က မကျေနပ်ဘူးလေ၊ ညီမကို သတ်ရလောက်အောင် ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး”လို့ အခြားအိမ်နီးချင်းတယောက် က ပြောပါတယ်။ လက်ရှိမှာ အာဏာပိုင်တွေက ဆာရာ ကို လူသတ်မှုနဲ့စွဲချက်တင်ရလား၊ ပြင်းထန်စွာနာကျင်စေမှုနဲ့ စွဲချက်တင်ရမလား စဉ်းစားနေဆဲဖြစ်တယ်လို့ ခရိုအေးရှားမီဒီယာ Novi ထံက သိရပါတယ်။
Credit >>> News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments

Post a Comment