Tuesday, February 3, 2015

သမိန်ပေါသွပ်ဂိမ်းစတင်မိတ်ဆက်သည့်နေ့တွင် ဒေါင်းလုတ်ပြုလုပ်သူတစ်သောင်းကျော်ရှိ

ပြည်တွင်းနည်းပညာကုမ္ပဏီ Total Gameplay Studio မှ ထုတ်လုပ်သည့် သမိန်ပေါသွပ်အမည်ရှိ ဂိမ်းစတင်မိတ်ဆက်သည့်တစ်ရက်အတွင်း ဒေါင်းလုတ်ပြုလုပ်သူ တစ်ေ... thumbnail 1 summary

ပြည်တွင်းနည်းပညာကုမ္ပဏီ Total Gameplay Studio မှ ထုတ်လုပ်သည့် သမိန်ပေါသွပ်အမည်ရှိ ဂိမ်းစတင်မိတ်ဆက်သည့်တစ်ရက်အတွင်း ဒေါင်းလုတ်ပြုလုပ်သူ တစ်သောင်းကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဟာသကာတွန်းဇာတ်ကောင် သမိန်ပေါသွပ်ပါဝင်သည့်ဂိမ်းကို ပြီးခဲ့သည့်လေးလအတွင်းက စမ်းသပ်ထုတ်လုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁ရက်တွင် Full Version အဖြစ် မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းTotal Gameplay Studio မှ ဒါရိုက်တာဦးမြင့်ကျော်သူက ပြောသည်။
‘‘ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ လေးခုမြောက်မြန်မာဂိမ်းအ ဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဂိမ်းမှာ 3D Graphicအသုံးပြုပြီး ပိုမိုအဆင့်မြင့်အောင်ပြုလုပ်ထားပါတယ်’’ဟု ၎င်းကဆိုသည်။
ယခုမိတ်ဆက်လိုက်သည့် သမိန်ပေါသွပ်ဂိမ်းနှင့်ပတ်သက် ၍ အသုံးပြုသူများက မြန်မာဂိမ်းများထွက်ရှိလာသည့်အတွက် ၀မ်း သာကြိုဆိုကြောင်းနှင့် အချို့ဟန်း ဆက်များတွင် ထည့်သွင်းကစား၍ မရကြောင်း Google Play Store ၀င်ရောက်မှတ်ချက်ပြုထားသည်။

‘‘ပြေးရင်းနဲ့ ထစ်ထစ်သွားတယ်။ ပြီးတော့အခန်းကူးတွေမှာ Loading လုပ်တာကြာရင် Lock Screen ပြန်ရောက်သွားတယ်။ ပြီးတော့ အခန်းတွေအောင်မြင်အောင်လုပ်ဖို့လမ်းညွှန်တွေကို Helpလိုပုံစံမျိုးနဲ့ ရှင်းပြတာမျိုးလိုတယ်။ အကြံပေးတာပါ’’ဟု အသုံးပြုသူကိုသာထက်ကပြောသည်။
အမှတ်အများဆုံးရရှိသည့် သမိန်ပေါသွပ်ဂိမ်းကစားသူများ အား အပတ်စဉ်ဆုများပေးအပ်ရန်စီစဉ်ထားပြီးအဆင့် ၁ မှ ၁၀အထိပေးအပ်သည့်ဆုရရှိနိုင်မည်ဟုဦးမြင့်ကျော်သူကပြောသည်။
Total Gameplay Studio သည် မြန်မာဇာတ်ကောင်များဖြင့် ခြင်းလုံး၊ စစ်တုရင်၊ ငပိန်သင်္ကြန်စသည့် မြန်မာဂိမ်းများ ထုတ် လုပ်ခဲ့ပြီး ဆက်လက်ထွက်ရှိမည့် ဘုရင့်နောင်အမည်ရှိဂိမ်းမှာ ၂၀၁၄ခုနှစ်၏ အာရှမှစောင့်ကြည့်ရမည့်ဂိမ်းအမျိုးအစား ၁၂ခုတွင် ထည့်သွင်းသတ်မှတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ အဆိုပါဘုရင့်နောင်အမည်ရှိဂိမ်းကို လာမည့်ဇူလိုင်အတွင်း Full Versionအဖြစ် မိတ်ဆက်သွားရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။
Credit >>> 7day

No comments

Post a Comment