“ကမ္ဘာနှစ်ခြမ်း” ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ် အတော်လေး ပျံ့နှံ့အား ကောင်းနေခဲ့တာကို စာဖတ်ပရိသတ်များအားလုံးလည်း သိရှိနေကြမှာပါ...
အောက်ပါ ဖော်ပြထားတဲ့ ကဗျာလေးဟာ “ကမ္ဘာနှစ်ခြမ်း” စာသားရဲ့ မြစ်ဖျားခံရာ ကဗျာလေးပါ...
စာပေချစ်သူ မြတ်နိုးသူ
စာဖတ်ပရိသတ်များအတွက် တကူးတက လိုက်ရှာထားရတဲ့ ကဗျာလေးတစ်ပုဒ်ပါ... ခံစား ဖတ်ရှုပေးကြပါဦး...
“ကိုယ်ရည်သွေး”
မောင်လှမျိုး (ချင်းချောင်းခြံ)
ချစ်တယ် ... လို့
ပြောလိုက်ကတည်းက၊
ကမ္ဘ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့
မြတ်နိုးစရာ အလုံးစုံကို
မင်းအတွက်
ပေးဆပ်လိုက်တာပါ။
ဘယ်သူ့ဆီမှာမှ
ဦးမညွှတ်ခဲ့တဲ့ ... ချစ်ခြင်း၊
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့ ... မျှော်လင့်ခြင်း
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့ ... ကြိုးပမ်းခြင်း ...
အားလုံးရဲ့အစုအစည်းနဲ့၊
မင်းကို ပေးအပ်ခဲ့တာပါ။
ကမ္ဘ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါ ... ရှင်သန်ပါရစေ ... ။
သစ်ရွက်မကြွေဖို့ နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ကောင်းကင်ကို တားဆီးလို့ မရ
နှင်းပွင့်မဝေဖို့ ဆောင်းကိုတားဆီးလို့ မရ
ရနံ့မသင်းဖို့ ပန်းကိုပိတ်ပင်လို့ မရသလိုမျိုး၊
မြတ်နိုးလွန်းတဲ့ ... ငါ့ချစ်ခြင်း
ဘာနဲ့ ပစ်ခွင်းမလဲ ... မင်း။
ကမ္ဘ္ဘာပျက်သုဉ်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက် ... အရှိန်အဟုန်နဲ့၊
နောက်ထပ် ကမ္ဘ္ဘာသစ်တစ်ခု
( သဘာဝတရားက )
အလိုလို ထွင်းထုနိုင်ဦးမယ်။
ယုံပါ
အချစ်နဲ့လွတ်ကင်းတဲ့ ... လူ့ကမ္ဘ္ဘာ
ဘယ်ဆီမှာမှ ... မရှိ ... ။ ။
မောင်လှမျိုး (ချင်းချောင်းခြံ )
“အလွမ်းပြေငြိမ်းရေးစာချုပ်” စာအုပ် မှ
၂၃၊ သြဂုတ်လ၊ ၂၀၀၉
ညနေ ၃နာရီ။
Credit စာပေပန်းခင်း။
မောင်လှမျိုး (ချင်းချောင်းခြံ)
ချစ်တယ် ... လို့
ပြောလိုက်ကတည်းက၊
ကမ္ဘ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့
မြတ်နိုးစရာ အလုံးစုံကို
မင်းအတွက်
ပေးဆပ်လိုက်တာပါ။
ဘယ်သူ့ဆီမှာမှ
ဦးမညွှတ်ခဲ့တဲ့ ... ချစ်ခြင်း၊
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့ ... မျှော်လင့်ခြင်း
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့ ... ကြိုးပမ်းခြင်း ...
အားလုံးရဲ့အစုအစည်းနဲ့၊
မင်းကို ပေးအပ်ခဲ့တာပါ။
ကမ္ဘ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါ ... ရှင်သန်ပါရစေ ... ။
သစ်ရွက်မကြွေဖို့ နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ကောင်းကင်ကို တားဆီးလို့ မရ
နှင်းပွင့်မဝေဖို့ ဆောင်းကိုတားဆီးလို့ မရ
ရနံ့မသင်းဖို့ ပန်းကိုပိတ်ပင်လို့ မရသလိုမျိုး၊
မြတ်နိုးလွန်းတဲ့ ... ငါ့ချစ်ခြင်း
ဘာနဲ့ ပစ်ခွင်းမလဲ ... မင်း။
ကမ္ဘ္ဘာပျက်သုဉ်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက် ... အရှိန်အဟုန်နဲ့၊
နောက်ထပ် ကမ္ဘ္ဘာသစ်တစ်ခု
( သဘာဝတရားက )
အလိုလို ထွင်းထုနိုင်ဦးမယ်။
ယုံပါ
အချစ်နဲ့လွတ်ကင်းတဲ့ ... လူ့ကမ္ဘ္ဘာ
ဘယ်ဆီမှာမှ ... မရှိ ... ။ ။
မောင်လှမျိုး (ချင်းချောင်းခြံ )
“အလွမ်းပြေငြိမ်းရေးစာချုပ်” စာအုပ် မှ
၂၃၊ သြဂုတ်လ၊ ၂၀၀၉
ညနေ ၃နာရီ။
Credit စာပေပန်းခင်း။


No comments
Post a Comment