Tuesday, February 21, 2017
ထုတ်ချင်းပေါက်မြင်ရတဲ့အဝတ်စားနဲ့ အစီအစဉ်တင်ဆက်ခဲ့လို့ဝေဖန်ခံနေရတဲ့အမျိုးသမီး
ယခင်က မတော်တဆဖြစ်ရပ်ပုံစံမျိုးတွေနဲ့ ရင်သားခဏခဏ ပြရင်း နာမည်ကြီးလာတဲ့ မော်ဒယ်လည်းဖြစ်၊ အစီအစဉ်တင်ဆက်သူလည်း ဖြစ်တဲ့ Jenny Scordamaglia အသက် 28 နှစ်ဟာ အခုအခါမှာတော့ တစ်ဆင့်ပိုကဲကာ ပရိသတ်ကို ရှိရှိသမျှ ဖော်ပြခဲ့တယ်လို့ ဆိုရမှာပါ။
Jenny ဟာ ပိုက်ကွက်အင်္ကျီမိုးပြာရောင်ကို အတွင်းမှာ ဘရာခံမ၀တ်ပဲ သူမရဲ့ ရုပ်သံအစီအစဉ်ကို တင်ဆက်ခဲ့ပါတယ်။ သူမဟာ Miami TV မှာ ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေပြီး၊ ဖလော်ရီဒါမှာ နေပါတယ်။ သူမရဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက် ကွန်ယက်ပေါ်မှာ ကြည့်ရှုသူ 7 သိန်းကျော်ခဲ့ပါတယ်။
Jenny ဟာ 2007 ခုနှစ်ကတည်းက Miami TV မှာ ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး၊ ယခင်ကလည်း အောင်မြင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း လိမ္မော်ရောင်ဝတ်စုံ မလုံမလဲဝတ်ကာ စနေနှစ်ခိုင်ကို ခပ်တည်တည် ပြခဲ့လို့ ပရိသတ်ကြား ဟော့ခဲ့ပါသေးတယ်။
အဲဒီကိစ္စတုန်းကလည်း သတင်းမီဒီယာတွေက နာမည်ကြီးချင်လို့ ဒီလို မတော်တရော်ပြတာဖြစ်ကြောင်း စွပ်စွဲရေးသားခဲ့
ကြပါတယ်။ အဆိုပါအစီအစဉ်မှာ Jenny က ” ကျွန်မ ဆိုလိုချင်တာက ဒါက ခန္ဓာကိုယ်တစ်ခုပါဘဲ … ခန္ဓာဗေဒအရ ဖွဲ့
စည်းတည်ရှိနေတဲ့အရာ … ဒါတွေကတော့ (ရင်သားနှစ်ဘက်ကို လက်နဲ့ကိုင်ပြီး) ရင်သားတွေပေါ့လေ “လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Credit >>ShweMon
Subscribe to:
Post Comments (Atom)




No comments
Post a Comment